-25-(အငြိမ့်ငှားသည်)

189 18 0
                                    

[Uni]

ထွန်းနောင်ရထားစီးကာမန္တလေးမှရန်ကုန်သို့သွားရသည်။ပြီးနောက်အကိုကြီးမှာထားတဲ့အတိုင်းတသွေမတိမ်းလုပ်ဆောင်သည်။အခုထွန်းနောင်လုပ်ရမည်ကမြို့အဝင်မှာစောင့်နေရန်သာ။
စောခက်တို့မြို့အဝင်ကိုရောက်တော့ပွဲငှားသည့်လူကလာကြိုသည်။အသက်ခပ်ငယ်ငယ်နှင့်ပင်။ထိုသူကခရိုင်ဝန်ရှင်တော်မင်းအိမ်တော်ကိုခေါ်သွားခဲ့သည်။စောခက်ကားပေါ်ကပင်လှမ်းမြင်ရသည်ကအလွန်ကိုကြီးမားသည့်အိမ်ကြီးပင်။ကားကခြံဝန်းထဲဝင်လိုက်သည်နှင့်ပြင်စင်ထားသည့်အရာများကိုတွေ့မြင်ရသည်။

စောခက်နှင့်အတူမမကြည်တို့ကပါကားပေါ်ကမဆင်းရဲပေအဖကတော့ဦးဆောင်ကာဆင်းပြီးကားနောက်ကိုလျှောက်လာသည်။လာကြိုသည့်သူကပါအဖနောက်ကလိုက်လာသည်။

"ဆင်းကြလေ မြိုင်တို့ !"

"အကိုလေး ဆင်းပါအကိုလေးတို့နေရမဲ့နေရာကိုလိုက်ပို့ပါ့မယ်"
လာကြိုသည့်သူ၏အသံသည်တည်ငြိမ်ပေမဲ့အေးအေးလူလူမဟုတ်ပေ။စောခက်ထိုအသံကိုကြားဖူးသည်။

စောခက်ဖြည်းညင်းစွာဆင်းလိုက်ပြီးအိမ်ကြီးကိုကြည့်မိသည်အပြင်ပန်းကတော့တကယ်သားနားနေသည့်အိမ်ကြီးပင်။စောခက်တို့ကိုလာကြိုသည့်သူကအိမ်ကြီးထဲသို့ခေါ်သွားတော့စောခက်လည်းကြည့်ရှုလှည့်ပတ်ရင်ပင်လိုက်သွားခဲ့သည်။
ဆိုင်းအဖွဲ့များကတော့ကားပေါ်မှာသာရှိသေးသည်။နေရာမပြောရသေးပေ။

အိမ်ကြီးထဲကိုတော်တော်လှည့်ပတ်ဝင်ပြီးသည့်နောက်အိမ်ပေါက်ဝသို့ရောက်ခဲ့သည်ခြံကြီးသည်လည်းအလွန်ကျယ်သည်။ခုထိခရိုင်ဝန်ရှင်တော်မင်းတို့မိသားစုကိုမမြင်ရပေ။စောခက်ဟာရင်ခုန်လို့မဟုတ်ပဲကြောက်လို့ရင်တွေတုန်နေသည်။ပြီးနောက်အလွန်ကျယ်သည့်အခန်းကြီးထဲကကျွန်းထိုင်ခုံကြီးများပေါ်တွင်အသက်အရွယ်ခက်လပ်လပ်အမျိုးသမီးတစ်ဦးအမျိုးသားတစ်ဦးကိုတွေ့ရသည်။ခန့်မှန်းအဖတို့နဲ့အတူတူ‌လောက်ပင်။အဝတ်အစားတွေကတောက်ပြောင်နေပြီးနေပုံထိုင်ပုံလက်ဝတ်ရတနာများပထိုလင်မယားဟာခရိုင်ဝန်ရှင်တော်မင်းနှင့်သူ၏ဇနီးမှန်းအတတ်သိနိုင်သည်။

လှသွေးကြွယ် [ Ongoing ]Where stories live. Discover now