-32- [ပြိုင်စံမပေါ် နိုင်ငံကျော်]

185 8 0
                                    

"Uni"

"ဟင် ဒါဆိုရင် နန်းတော်ကမောင်းထုတ်လိုက်တာပေါ့ ထွက်တောင်မကြည့်ဘူးပေါ့လေ "

"ဟုတ်တယ် မမကြည် ကိုယ်ကြီးမကြီးလို့ပြောပြီး မောင်းထုတ်လိုက်တာ စောဖြူကတော့အကိုတော်နဲ့ခွဲခွာပြီးချစ်ရသူမို့လာရတာလေမျက်နှာလေးတောင်တစ်ချက်မကြည့်ပဲမောင်းထုတ်လိုက်တာ အဲ့တော့ရင်ကွဲနာကျရတာပေါ့မမရယ်ကိုယ်ချစ်ရသူကကိုယ့်ကိုရက်ရက်စက်စက်ပြောတော့နာကျင်တာပေါ့မမရယ်အဲ့တာနဲ့ပဲကိုယ့်တိုင်းပြည်ကိုပြန်ခဲ့ရော လမ်းမှာလဲတမျှော်မျှော်နဲ့သူ့နောက်ကိုလိုက်လာမလား‌စောင့်ရင်းမျှော်ရင်းကံတော်ကုန်ရှာတာ"

"မငွေသိတာတော့ရှိတယ် အဲ့ခေတ်ကမှန်ရှားလို့လေသူ့မျက်နှာကအဲ့လောက်ဆိုးနေလားဆိုပြီးလက်သည်းနဲ့မြေကြီးကိုတူးတာလေပြီးတော့ရေနဲ့မျက်နှာကိုကြည့်တာ ကြေကွဲဖို့ကောင်းလွန်းလို့မငွေမယ် ပြန်ပြောတိုင်းရင်နင့်ရတယ်"

"စောခက်လည်းရင်နင့်လွန်းလို့ ‌နှလုံးအိမ်တွေအောင့်ရပါတယ် သုံးပန်လှဆိုဘယ်လောက်တောင်ခံစားရမလဲမမရယ် သူ့နေရာကဆိုစောခက်လည်းသေသွားနိုင်ပါတယ် "

"မြိုင်တို့ရေ အပေါ့အပါးလေးသွားချင်သွား နေ့လည်စာစားကျမယ် "

"ကိုးပင်ပဲလှော်တွေရမယ်နော် ကိုးပင်ပဲလှော်"

"ရေခဲ ရေအေးအေးလေးရမယ်နော်ရေခဲရေ ရေခဲရေ "

စောခက်တို့သမိုင်းကိုလှန်လှော်နေတုန်းပင် ခရီးတစ်ဝက်ကျိုးရောက်နေပြီပင်။ကိုးပင်ဆိုတဲ့မြို့မှာခရီးခဏနားကျသည်။

"အကို့သား အပြောကောင်းနေတာနဲ့ဗိုက်ဆာဖို့တောင်မေ့နေပြီတော်ရေ "

တကယ်လည်းစကားတပြောပြောနဲ့ဆာလို့ဆာမှန်းလည်းမသိကျပါ။

"အမ ကိုးပင်ပဲလှော်ကနာမည်ကြီးနော် အဖရေနွေးကြမ်းနဲ့မြည်းဖို့ဝယ်ဦးမယ် "

"ဝယ်ပါတော် ဝယ်ပါ "

ဗန်းလေးတွေထိုးပြီးတဆာဆာအော်ရောင်းနေတဲ့ဈေးသည်တွေနဲ့ပဲလှော်နဲ့အကြော်အလှော်အစုံကိုခင်းကျင်းထားတဲ့ဆိုင်ခန်းတွေစောခက်နေရာတော်တော်များကိုခြေဆန့်နေနိုင်ပါပြီအဖွားရေ။စောခက်တို့ခေတ်မှာရေခဲသေတ္တာရေခဲရေဆိုတာပေါပေမယ့်ဒီဘက်ခေတ်ကျတော့ရေခဲ ရေကိုခက်ခက်ခဲခဲဝယ်သောက်ကျရပါတယ်တဲ့။ရေခဲတုံးခံထားတဲ့ထဲကိုအပေါ်ကအမှုန်အမွှားတွေမဝင်နိုင်အောင်ရေဆစ်လိုအရာနဲ့ခံထားပြီးရေတစ်ခွက်ချင်းလောင်းချပြီးအေးလာတဲ့ရေကိုခွက်သေးသေးနဲ့တစ်ခွက်ငါးကျပ်တစ်ရာရောင်းပါတယ်တဲ့။ရွံ့စရာလည်းမရှိပါ။သူသောက်ကိုယ်သောက်ပင်။အေးမြသွားကျတာပင်။

လှသွေးကြွယ် [ Ongoing ]Opowieści tętniące życiem. Odkryj je teraz