-11-(မျက်ဝန်ညိုနဲ့တွေ့ဆုံခြင်း)

374 31 5
                                    

[Uni]

ဒီပါမျက်ဝန်းညိုလေးကိုစုံစမ်းခဲ့သည်။တပည့်ဖြစ်သူနဲ့နှစ်ယောက်မန္တလေးကရွာ၊မြို့ရွာအစုံလိုက်ရှာပေမဲ့မတွေ့ခဲ့ဘူး။နောက်ဆုံးပွဲဈေးမှာတပည့်တွေအတွက်စားစရာမုန့်ပဲသရေစာများဝယ်ရန်ပြင်မှဆိုင်ရှင်နဲ့ဝယ်သူမနားတမ်းပြောနေတဲ့အငြိမ့်မင်းသမီးကစိတ်ဝင်စားစရာပင်။ဟိုနေရာတီးတိုးဒီနေရာဒီတိုးနဲ့နေရာတိုင်းကြားနေရသည်။ဒါကြောင့်ဒီပါစိတ်ဝင်စားကာပွဲခင်းထဲသို့ဝင်ရောက်ခဲ့တော့သည်။

ဒီထက်စိတ်ဝင်စားစရာဟာပွဲခင်းထဲကကြည့်သူများပြောသောစကားပင်။'အမျိုးသားတစ်   ယောက်ကအဲ့လောက်တောင်လှသလားဗျာ 'တဲ့။အခုဒီပါကြည့်နေတာဟာအမျိုးသားပါတဲ့။ခန္ဓာကိုယ်အချိုးအဆစ်ပြေပြေပြစ်ပြစ်နဲ့ချစ်စရာအမူအယာတွေသရုပ်ဖော်နေတဲ့ထိုသူကအမျိုးသားတစ်ယောက်။ထိုအငြိမ့်မင်းသမီးကိုမြင်တော့မျက်ဝန်းညိုလေးကိုသတိရမိသား။ခဏတာဆုံခဲ့မိတဲ့မျက်ဝန်းညိုဟာတစ်သက်စာစွဲလန်းလုပ်ခဲ့လေသလားပါပဲ။

ဦးဇော်ဝမ်းရဲ့သီချင်းကိုတောင်သတိရမိသား'ရှာပုံတော်မင်းသားကြီးမဏ္ဍပ်တကာရောက်ခဲ့ပြီဘယ်အရပ်သူဇာတိမှန်းလဲမသိတော့အခက်‌တွေ့ပြီ 'ကိုယ့်အဖြစ်ကိုလဲရယ်ချင်မိပါသည်။မျက်စံမျက်ဝန်းလေးရဲ့အကြည့်နဲ့တင်ရူးသွပ်ရပါသည်တဲ့။အငြိမ့်မင်းသမီးဟာအမျိုးသားတစ်ယောက်သာဆိုပါလျှင်မျက်ဝန်းညိုသာဖြစ်ပါမည်။။ကိုယ်မင်းကိုစောင့်ကြည့်နေပါ့မယ်မျက်ဝန်းညို။

ပွဲပြီးတော့မျက်ဝန်းညိုဟာဆုတောင်းနေခဲ့တဲ့အတိုင်းတဲအပြင်ဘက်သို့ထွက်လာခဲ့ပါတယ်။ဒီပါဇာတ်စင်ဘေးကနေမျက်ဝန်းညိုပြန်ထွက်အလာကိုစောင့်‌နေခြင်းဖြစ်သည်။ဒီလောက်ထိထွက်လာပေးရင်ကျေနပ်ပြီမို့ကျန်ကိုယ်ဆက်လုပ်ပါမယ်။မှတ်တော့မှတ်မိပေးပါမျက်ဝန်းညို...။

"ကိုယ့်ကိုမှတ်မိပါရဲ့လား..."

လူနှစ်ယောက်စာဝေးကွာသည့်အနေအထားမှစကားဆိုမိလေတော့စွဲလန်းရပါသည်လို့ကောက်ချက်ချထားရတဲ့မျက်ဝန်းအညိုဝိုင်းဝိုင်းလေးများကဝိုင်းသည်ထက်ပိုဝိုင်းဆက်လို့နေသည်။ပဝါအုပ်ထားခြင်းမရှိသည့်မျက်နှာကလေးဟာလဲကြည်ကြည်လင်လင်လေးပင်အံ့ဩနေလို့ထင်ပါ့ငြိမ်သက်နေသည်။ဒီပါမျက်ဝန်းညိုမမှတ်မိမှာသိပ်စိုးရိမ်ပါသည်ဘာမှပြန်မပြောတာမို့ဘယ်ကအစချီရမှန်းမသိတော့ပါ။အနီးကပ်မြင်ရသည်မျက်နှာနုနုဟာတကယ်ပင်လှရက်လွန်းသည်။

လှသွေးကြွယ် [ Ongoing ]Where stories live. Discover now