[Uni]
"ဟာ! ကျုပ်တို့ဆရာဒီနေ့တယ်လည်းမွှေးပျံ့နေသကိုး"
စခန်းတဲအိမ်ထဲကထွက်လာသည့်အကိုကြီးကအပြုံးအေးအေးနဲ့တုန့်ပြန်သည်။အကိုကြီးကဒီနေ့အရင်နေ့တွေကထက်ပိုပြင်ဆင်ထားတယ်။အရင်ကကြည့်ကောင်းတဲ့မျက်နှာပြင်ဟာအခုတော့ချောမောခန့်ညားလို့ပင်။
"အကိုကြီးဘယ်သွားမှာလဲ ဟိုအငြိမ့်ပွဲကိုလား"
"မဟုတ်ဘူး ပွဲတော်လည်မလို့"
ပွဲလမ်းသဘင်တွေမကြိုက်တဲ့အကိုကြီးကပွဲတော်လည်မလို့တဲ့အံ့ဩရချည်သေးရဲ့။
"ငါသွားမယ်ထွန်းနောင် စခန်းကိုကြည်းကျပ်လိုက်ဦး"
"ဟုတ်ကဲ့ အကိုကြီး"
စခန်းထိပ်မှာရပ်ထားတဲ့ဂျစ်ကားကိုမောင်းလို့ခုန်လှုပ်နေတဲ့နှလုံးသားတစ်စုံနဲ့အတူပွဲတော်ထိပ်သို့ရောက်ခဲ့ပြီ။ချစ်ရသူနဲ့တွေ့ရမှာမို့သန့်ပြန့်နေမှဖြစ်မည်မလား။ဒါကြောင့်တိုင်းတစ်ပါးကဝယ်လာတဲ့အမွှေးဆီတွေကြိုင်လှိုင်နေအောင်စွတ်ထားသည်။ဆံကေသာကိုလဲသေသေသပ်သပ်ဖြီးသင်ထားသည်။အရင်ကတော့ပွရောင်းရောင်းဆီမစွတ်ခေါင်းပင်။
ပွဲဈေးထိပ်ကနေလာရာလမ်းကိုဂျစ်ကာအရှေ့ဖုံးပေါ်ထိုင်လို့စောင့်နေမိသည်။မကြာမိတွေ့ရတဲ့ကလေးငယ်ဟာအဝေးကပင်ထင်ပေါ်လွန်းနေသည်။ပုဆိုးအစိပ်အပြာအရင့်ရှပ်အကျ*အပြာနုနဲ့လှမ်းလာနေသည့်ခြေထောက်ဖြူဖြူကလေးကပေါ်လွင်နေသည်။ဘေးမှာတော့မိန်းကလေးအဖော်များပါသေးသည်။ပွဲပြီးတိုင်းအမြဲစည်းနှောင်ကာအရှည်အတိုင်းချထားသည့်ဆံကေသာကိုယနေ့တွင်တော့အနောက်မှာမချပဲဘေးသို့လွှဲချထားသည့်အနှီလူသားငယ်သာသိပ်ကိုလှပလွန်းသည်။
"စောင့်ရတာကြာသွားလား ကိုဒီပါ"
"မကြာသေးပါဘူး"
"စောခက်ကဖိုးတလုံးသေချာမှပြောလိုက်ရဲ့လားလို့စိတ်ပူနေတာ"
".........."
"ကိုဒီပါပွဲကြည့်နေတာမြင်လို့ ဖိုးတလုံးကိုပြောခိုင်းလိုက်တာလေ"
"ဪ အဲ့ကလေးနာမည်ကဖိုးတလုံးလား"
"ဟုတ်တယ်ကိုဒီပါ မိတ်ဆက်ပေးရဦးမယ်
ဒီဘက်မငွေဆောင်တဲ့အဆိုတော်လေဒီဘက်ကမကြည်အေးတဲ့ဆိုင်းအဖွဲ့ရဲ့အားထားရာစားတော်ကဲကြီးပေါ့"
VOCÊ ESTÁ LENDO
လှသွေးကြွယ် [ Ongoing ]