-20-(ပဉ္စမနေ့)

213 21 0
                                    

[Uni]

ပဉ္စမနေ့ပွဲတော်တွင်စောခက်ကရမည့်နောက်ဆုံးနေ့ပင်။အချိန်အခါစောင့်မျှော်ခွဲခံနည်းမို့ထင်ပါရဲ့သူ့ထက်ငါအလုအရက်ပင်ပွဲစင်ရှေ့မှာလူများကြိတ်ကြိတ်တိုးနေသည်။အဘယ်ကြောင့်ဆိုသောသျှင်စောခက်မြိုင်ဤရွာ၌တိုင်းဤဌာနေမှာကရမည်ကနောက်ဆုံးရက်မို့မကြည့်ရသေးသည့်တခြားရွာများကအလုပ်မအားသည်များသည်နောက်ဆုံးတစ်ရက်ကိုရောက်အောင်လာကြသည်။ကြည့်မြဲသူများကတော့ခွဲရတော့မည်အသိနဲ့အဆုံးသတ်အဖြစ်အားပေးကြခြင်းပင်။သည်နေ့ကပိုလို့တောင်လူများနေသလို။

"မဂ်လာပါဗျာ "

ညလေညင်းနဲ့အတူသာယာဖွယ်အေးချမ်းသည်ကိုဆောင်သည့်းစကားသံဟာပရိတ်သတ်ကိုငြိမ်သက်စေသည်။

"တွေ့ကျဆုံကျခွဲကျရတာဖြစ်မြဲပဲမို့လား"

လူရွှင်တော်များ - "ဟုတ်တာပေါ့ဗျာ"

"‌ဒါကြောင့်သျှင်စောခက်မြိုင်အငြိမ့်အဖွဲကနေပရိတ်သတ်ကြီးကိုဒီသီချင်းလေးနဲ့အကျိုးပြုပေးပါရစေ"

သုည - "ရွာသားရေတီးလိုက်ရအောင်!!"

'သံသရာဘုံ...မလွတ်ကင်းနိုင်ကြကုန်...ဤကမ္ဘာမြေဝသုန် မေတ္တာနယ်အတွင်း..သက်ဆင်းကာကြုံ...လွှဲရှောင်ကာ...မရပုံ...

မေတ္တာဆိုတဲ့တရားကကြီးမား....တာ အမှန်ယုံသေချာစွာ စောင့်ထိန်းလို့ သာမကုန်....

မညှိုးပန်းမာလာငုံ မိုးဆန်းပမာပုံ... မေတ္တာဖြန်းမှလန်းဆန်းမယ်သာယုံ....'

သီချင်းဆိုသည့်မမငွေအသံဟာတကယ်ကိုမှတည်ငြိမ်အေးချမ်းစွာဖြင့်ကြားရသူများရင်အေးစေဖွယ်အမှန်ပင်။စောခက်ဟာလည်းသီချင်းသံကိုလိုက်ဘယ်လက်ကိုပျော့ပျောင်းစွာပရိတ်သတ်ကိုရည်ညွှန်းလိုက်ညာလက်ဖြင့်တစ်မျိုးတစ်ဖုံပြုလုပ်လျက်ခြေများကလေး‌တစ်ဖက်ထောက်ကာ‌ဒူးအနည်းငယ်ကွေးထားသည်ဖြင့်အေးချမ်းကြည်လင်သောမျက်နှာကလေးဟာအပြုံးများဖြင့်ပရိတ်သတ်များမှာတကယ်ကိုပဂတိအေးချမ်းစွာရင်သပ်ရှုမောနေကြလေသည်။

ဆိုင်းဆရာအသံ
'သံသရာဘုံ...မလွတ်ကင်းနိုင်ကြကုန်...ဤကမ္ဘာမြေဝသုန် မေတ္တာနယ်အတွင်း...သက်ဆင်းကာ...ကြုံလွှဲရှောင်ကာမရပုံ...

လှသွေးကြွယ် [ Ongoing ]Où les histoires vivent. Découvrez maintenant