-9-(ပွဲဦးညနတ်ကတော်အက)

367 29 0
                                    

[Uni]

ဒီနေ့ဟာရွှေစာရံဘုရားပွဲပထမဆုံးပွဲစသည့်နေစောခက်တို့ကရမည့်ပွဲဦးည။လူများကလဲစုံလို့ငိုသံ၊ရီသံ၊အော်သံ၊ဈေးရောင်းသံများကတော့ထုံးစံအတိုင်းကြားနေရသည်။ဇာတ်ကနေစဉ်အတွင်းပြဿနာများမဖြစ်အောင်၊စက်ပစ္စည်းများမချို့ယွင်းအောင်စတဲ့အမှားသေးသေးလေးကအစမဖြစ်အောင်ပထမဆုံးနေ့မှာနတ်ကတော်အကဖြင့်လမိုင်းတင်ရမှာဖြစ်သည်။

မြန်မာတို့ရဲ့ယုံကြည်ကိုးကွယ်ရာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုပူဇော်ကန်တော့ခြင်းဖြင့်အငြိမ့်သဘင်ကိုစတင်ဖွင့်လှစ်ကြတာဟာသဘင်ရိုးရာရဲ့ထုံးတန်းအစဉ်အလာပါပင်။ထိုမှတစ်ဖန်ပွဲဦးညရဲ့သမိုင်းလမိုင်းတင်မြှောက်ပူဇော်မှုရောက်ခဲ့ကြတာကတော့အပျိုတော်၊နတ်ကတော်အကပင်ဖြစ်သည်။ဖျော်ဖြည်တင်ဆက်မှုပွဲစဉ်တစ်လျှောက်အမှောက်ပယောဂကင်းစင်ရေးအတွက်ရည်သန်မှန်းမျှော်အချော့တော်အဖြစ်တင်မြှောက်ကြခြင်းဖြစ်ပါတယ်။ရိုးရာအစဉ်အလာရင်မှာမမေ့သဘင်မှာဓလေ့ရှိတာကြောင့်နတ်ကတော်အပျိုတော်အကကိုတိကျပိုင်နိုင်မြိုင်ဆိုင်တဲ့ဂီတညီမျှတဲ့ကဟန်ဖြင့် အလှဂုဏ်မှာကျော်ဇောအကဂုဏ်မှာလူအပြောနဲ့ညီအောင်ကတတ်သည့် သျှင်စောခက်မြိုင် ရဲ့အကအလှတင်တက်မှုဟာခံစားပျော်ဝင်စေမှာအမှန်ပင်။

စောခက်ဒီနေ့မှာတော့ရဲရဲတောက်အနီကိုဝတ်ဆင်ကာထမိန်ကိုတော့ပန်းပွင့်အဖြူခက်များဆင်ထားသည့်ဝတ်စုံကိုဝတ်ဆင်ထားသည်။ခေါင်းမှာတော့ဘောင်းတော်စလို့ခေါ်တဲ့နတ်ကတော်အပြင်အဆင်နဲ့ဆိုင်သည့်တန်ဆာများကိုဝတ်ဆင်ထားသည်။ပဝါအနီကိုလဲလည်မှာလှလှပပချလို့ထားသည်။အများအပြားခြယ်သစရာမလိုသည့်မျက်နှာကလေးမှာတော့ဖူးဖူးငုံငုံနှခမ်းပါးလေးကိုနီးဆွေးဆွေးကလေးခြယ်မြန်းထားသည်။ဘောင်းတော်စပတ်ထားသည်မို့ဆံကေသာကိုလဲအရှည်လိုက်သာချထားလိုက်သည်။သျှင်စောခက်မြိုင်ဟာသည်ကနေ့လှချင်တိုင်းလှနေတော့သည်။ဖြူဖွေးသည့်အသားအရည်နှင့်အနီရဲရဲသည်တော်ဝင်ဆန်သည့်နှင်းဆီရိုင်းကလေးလိုပင်။

နတ်ကတော်အကသည်ဆိုင်းသံအရင်စတာမို့စင်ပေါ်တက်သည်နှင့်ပေါ့ပါးစွာစတင်က‌ရတော့သည်။အငြိမ့်မင်းသမီးဂုဏ်နှင့်အညီခြေအချိုးလက်အလှများနှင့်ယိုင့်လိုက်နျွဲ့လိုက်သည်နှင့်တင်ပါးထိရှည်သည့်ဆံကေသာဟာလေမှာဝဲလို့လေယူရာယိမ်းနေသည်။ထမိန်သိမ်းအစသည်လဲခြေလှုပ်လိုက်သည်နှင့်အပေါ်မြှောက်အောက်ကျနှင့်ရင်သပ်ရှုမောစရာပင်။‌လည်တွင်ချထားသည့်ပဝါကိုလက်နှစ်ဖက်ဖြင့်ညင်သာယူလို့တစ်ပတ်လှည့်ကသည်။ရှိသမျှအရာရာဟာလေမှာဝဲလို့ အို ! မင်းသမီးဟာမက်မောစရာ။

လှသွေးကြွယ် [ Ongoing ]Donde viven las historias. Descúbrelo ahora