ကျောင်းစာမေးပွဲနောက်ဆုံးနေ့မှာတော့ 𝗝𝘂𝗻𝗸𝘆𝘂 တစ်ယောက် အရင်ရက်တွေနဲ့မတူ အရမ်းတက်တက်ကြွကြွဖြစ်နေသည်မို့ အမြဲတစေ ပေါင်းဖက်လာသည့် သူငယ်ချင်းဖြစ်သူ 𝗬𝗲𝗱𝗮𝗺
ကိုယ်တိုင်ပင် အံ့ဩနေလေသည်"Kim JunKyu ဘာဖြစ်နေတာလဲ လမ်းသွားတာ ခုန်စွခုန်စွနဲ့ အေးဆေးလျှောက်စမ်းပါ"
Yedamဆိုလိုက်တော့ JunKyuတစ်ယောက် ပြုံးစစမျက်နှာပေးနဲ့ အနောက်ကိုလှည့်ကြည့်လာသည်
"မဖြစ်ဘူးDammieရ မနက်ဖြန်ငါ့အချစ်လေးစီသွားရမှာဆိုတော့ ပြင်ဆင်စရာရှိတာတွေပြင်ရအုံးမယ်လေ"
"အိမ်ရောက်မှပြင်လည်းရပါတယ်JunKyuရာ မင်းအိမ်က ထွက်မပြေးပါဘူး"
"အချိန်ဆိုတာ ပိုတယ်မရှိဘူးDammieရ "
"အေးပါဟ Kim JunKyuတို့ အပိုလုပ်ချက်က
ကျောင်းစာသာ အဲလိုမျိုးသဘောထားပြီး ကျက်ခဲ့ရင် သေချာပေါက် First gradeကနေဆင်းမှာကိုမဟုတ်ဘူး""ဒါကတော့ ဒီလိုရှိတယ်လေကွာ ဟဲဟဲ"
ပြောပြောဆိုဆိုနဲ့ JunKyuတစ်ယောက် ပြေးထွက်သွားပြန်သည် နောက်ကYedamမှာသာ ပြေးသွားတဲ့JunKyuနောက်ကျောကိုကြည့်ရင်း ပြုံးလျှက်သာ ကျန်ခဲ့တော့သည်
-------------
"မင်းသမီးလေး မင်းသမီးလေး ချစ်ရတဲ့အလှပဆုံးမင်းသမီးလေး........"
ဒါကတော့ ကျောင်းကနေပြန်လာတဲ့ဂျွန်ဂယူ အိမ်ထဲတောင်မရောက်သေး ခြံတံခါးဝကနေ အော်ပြီးပြေးလာတဲ့အသံပင်
"ဒုန်း.....အယ်"
ပြာယာမခတ်ရမနေနိုင်ရှာသော JunKyu အခုလည်း ခြံတံခါးနားမှာချထားတဲ့ Junghwannieရဲ့skate boardကို မမြင်မစမ်းနဲ့ တက်နင်းမိပြီး ချော်လဲသွားတဲ့အသံပင်
"အာ...Hyungကလည်း ကျွန်တော့်Skate boardတော့ ကျိုးပြီလားမသိဘူး တအားကိုဘဲ "
ငိုမဲ့မဲ့ မျက်နှာထားနဲ့ပြောလာတဲ့ အနှီကလေးစုတ်အား စိတ်ရှိလက်ရှိသာခေါက်ပစ်လိုက်ချင်ပါတော့သည် ဘယ့်နှယ် ကိုယ့်အစ်ကိုတစ်ယောက်လုံး အရှိန်နဲ့ချော်လဲကျသွားတာကို စိတ်ပူရကောင်းမှန်းမသိ သူ့Skate Boardကို စိတ်ပူပြနေတယ်
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...