Canteen မှာတော့ ဂျယ်ဟျော့တို့က ရောက်နှင့်နေပြီ ဂျယ်ဟျော့ ဂျီဟွန်းနဲ့ ယဲဒမ်အပြင် ပထမနှစ်က မာရှီဟိုနှင့် အာဆာဟိလည်းရှိနေသည်
“ယိုရှိကော”
“ခုနကဘဲ Senior အစ်မတစ်ယောက်နဲ့လိုက်သွားတယ်”
ဂျွန်ဂယူအမေးကို ဂျီဟွန်းက ဖြေလိုက်သည်
“မဂ်လာပါ ကျွန်တော်ကမာရှီဟိုပါ Fashion major ပထမနှစ်ကပါ တွေ့ရတာဝမ်းသာပါတယ်”
“အာဆာဟိပါ Art major ပထမနှစ်ကပါ”
မျက်နှာချိုတဲ့ကလေးနဲ့ ရေခဲတုံးကလေးက မိတ်ဆက်လာတာကြောင့် ဂျွန်ဂယူလည်း ပြန်နှုတ်ဆက်လိုက်သည်
“အစ်ကိုက ဂျွန်ဂယူပါ ငါ့ညီတို့ တွေ့ရတာဝမ်းသာပါတယ် နောက်လည်းအကူညီလိုရင် အချိန်မရွေးလာတောင်းလိုက်နော်”
“မရှည်နဲ့ ငါရှိတယ်”
အူပုတ်ဂျီဟွန်းကတော့ သူ့crushကို အသေနှမြောပုံဘဲ ဝက်လိုပြန်ပက်နေလိုက်တာများ
မျက်နှာချိုတဲ့ ရှီဟိုက အလိုက်သင့်လေး ပြုံးတုံ့တုံ့နေပေမယ့် ရေခဲတုံး အာဆာဟိကတော့ အင်းအဲ မလုပ်
ဂျယ်ဟျော့ကို ကြည့်လိုက်တော့လည်း အရမ်းအားနေပုံဘဲ လိမ္မော်ဖျော်ရည်တွေကို အာဆာဟိ
ခွက်ထဲကို ဖောက်ထည့်ပေးလို့နေသည်
ယဲဒမ်ကတော့ သူ့ဖုန်းသူသုံးရင်း အလုပ်များလိူ့နေသည် ပြောတာတော့ သူလိုင်းကနေသူငယ်ချင်းရနေသည်တဲ့လေ နာမည်မသိ လူမသိ ဘယ်ကမှန်းမသိတဲ့ ဝါသနာတူသူငယ်ချင်းတစ်ယောက် တဲ့
ဟျွန်းဆော့ကတော့ ဆူအောင့်အောင့်နဲ့
“ဟျွန်းဆော့ ဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ဘူး”
ဂျီဟွန်းအမေးကို ဆူအောင့်အောင့်နဲ့ဖြေနေတဲ့ ဟျွန်းဆော့က တကယ် စိတ်ရှုပ်နေတဲ့ပုံ
ဟျွန်းဆော့ တကယ် စိတ်ရှုပ်နေတာကို သိသည်မို့ ဘယ်သူကမှ ဘာမှထပ်မမေး
ဂျွန်ဂယူလည်း မှာထားတဲ့ အအေးလေးသာငုံ့သောက်နေရှာသည်
“ဟော ဟိုမှာ ယိုရှိပြန်လာပြီ”
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
