15

449 70 26
                                        

ဂျယ်ဟျော့ကတော့ ထိုနေ့က ပန်းလာဝယ်တဲ့ကောင်လေးကို တွေ့ပြီးတည်းက သူ့အိမ်အလုပ်တောင် သိပ်မကူတော့ဘဲ ဂျွန်ဂယူတို့ ပန်းဆိုင်မှာဘဲ အချိန်ပြည့် နေတတ်တော့သည် နောက်ထပ်လာရင် တွေ့လိုတွေ့ငြားတဲ့

လမ်းထဲကို အသစ်ပြောင်းလာတဲ့ ကောင်မလေး ကတော့ ဂျယ်ဟျော့ကို သိပ်အထာပေးလွန်းသည်
ပန်းဆိုင်မှာ ဂျယ်ဟျော့ရှိနေတတ်တာကိုဘဲ အခွင့်ကောင်းယူကာ ဂျွန်ဂယူ အမေဆီကို ပန်းဝယ်သလိုလိုနဲ့ ဇွတ်အတင်းဝင်ရောပြီး လုံးဝ ခင်အောင်လုပ်ကာ ဂျယ်ဟျော့အနားကပ်သည်
ဒါကို ဘေးကကြည့်နေတဲ့သူတိုင်းကသိပေမယ့် ငတုံးငအ ထိုလဒ ကတော့ သိပုံမပေါ်

ပန်းဆိုင်ကို ပန်းလာဝယ်တာ လိုလိုနဲ့ ပန်းဆိုင်မှာ အချိန်အကြာကြီး ကူလုပ်သလိုလို နေတတ်သည်
ဂျွန်ဂယူအမေကတော့ ဘာမှမပြောပေမယ့် ဂျွန်ဂယူကတော့ သဘောမကျ အမူပိုနေတဲ့ထိုမိန်းကလေးကို ကြည့်မရပေမယ့် ကိုယ်က ယောက်ျားလေးဆိုတော့ မသိမသာဘဲနေလိုက်သည်

ထိုကောင်မလေးက ပန်းတွေအများကြီး သူ့သဘောနှင့်သူဝယ်ကာ သယ်မနိုင်ဘူး အကြောင်းပြချက်ဖြင့် ဂျယ်ဟျော့ကို သူ့ကိုအိမ်ပြန်လိုက်ပို့စေသည် သဘောကောင်းတဲ့ ဂျယ်ဟျော့ကလည်း ထိုကောင်မလေးရဲ့ အကြံအစည်ကို မသိတဲ့အပြင် အားနာတာလည်းပါတာမို့ ပန်းစည်းကြီးကို သယ်ကာ လိုက်ပို့ရန်ပြင်လိုက်ပြီး ဆိုင်အပြင်ကို အထွက် ထိုကောင်မလေး အိမ်သွားတဲ့လမ်းလက်ကိုချိုးပြီးမှ ရုတ်တရက်ကြီးပြန်ပြေးလာသည်

ဂျွန်ဂယူလည်း ကြောင်သွားပြီး ဂျယ်ဟျော့ ဘာကြောင့်ပြန်လှည့်ပြေးလာလည်း နားမလည်
ထိုကောင်မလေးကလည်း နောက်ကနေ ပြေးလိုက်လာပြီး

“Oppa ကျွန်မ ဒီပန်းတွေ မနိုင်ဘူးလေ ”

“မနိုင်လည်း ဆိုင်ကစက်ဘီးယူသွားလိုက်တော့နော် ညီမလေး ညနေမှ အစ်ကိုတို့လာယူမယ်”

“ဟာ မဖြစ်ပါဘူး Oppaကလည်း ကျွန်မကြောက်တယ်”

ချွဲပစ်ပစ်အသံနဲ့ပြောနေတဲ့ ထိုကောင်မလေးကိုကြည့်ရင်း ဂျွန်ဂယူ အော်ဂလီဆန်နေတုန်း ယဲဒမ် က ‌ဆိုင်ထဲဝင်လာသည်

Default Title - Spring DiaryWhere stories live. Discover now