စာမေးပွဲနီးလာလေလေ ကျောင်းတက်ရတဲ့ရက်တွေက နည်းလာလေလေ ဖြစ်သလို သူငယ်ချင်းတွေစုပြီး စကားပြောရတဲ့အချိန်ကလည်း မရှိသလောက်ဖြစ်လာသည်
ဂျီဟွန်းနဲ့ ဂျွန်ဂယူက အခန်းတူသလိုမေဂျာတူတာကြောင့်စာအတူလုပ်ဖြစ်သည် ယိုရှိကတော့
ဂျွန်ဂယူတို့နဲ့ မေဂျာမတူတာကြောင့် ဟျွန်းဆော့နဲ့သာ စာအတူလုပ်ပြီး အချိန်တွေကုန်ဆုံးတတ်ကာ ညအိပ်ချိန်မှအခန်းကိုပြန်လာတတ်သည်
ဂျယ်ဟျော့နဲ့ယဲဒမ်ကလည်း မေဂျာတူတာကြောင့် အကုန်လုံးက နှစ်ယောက်တစ်တွဲစီဘဲ ဖြစ်နေကြသည်စာမေးပွဲဖြေရတဲ့ရက်တွေ က အရမ်းကိုပင်ပန်းလွန်းကြတာမို့ စာကလွဲပြီး ကျန်တာကို အာရုံမစိုက်နိုင်ကြ
ဂျီဟွန်းနောကိကို တကောက်ကောက်လိုက်နေကြ ယွန်ဆူတောင် ဂျီဟွန်းအတွက် မနက်ပိုင်း ပေါင်မုန့်ပို့တတ်တဲ့အချိန်ကလွဲရင် တခြားအချိန်တွေဆို ပေါ်မလာတတ်
ဒီလိုနဲ့ဘဲ စာမေးပွဲဖြေတဲ့ ရက်တွေကို တစ်နေ့ နှစ်ဘာသာ နှုန်းနဲ့ ဖြေပြီးဖြတ်သန်းလာလိုက်တာ ဒီနေ့ဆိုရင် ဘဲ ဘာသာစုံအကုန်ဖြေပြီးသွားပြီ
ဂျီဟွန်းနဲ့ ယိုရှိကတော့ ပိတ်ရက်ကို ဂျပန်ကိုပြန်ကြအုံးမည် ကိုရီးယားက သူတို့ကတော့ ဒီတခေါက်ပိတ်ရက်လည်း အရင်လိုပါဘဲ ဂျွန်ဂယူကလည်း သူ့အမေကိုကူရင်း ဂျယ်ဟျော့ကလည်း အိမ်အလုပ်တွေကူလုပ်ရင်း ယဲဒမ်ကလည်း
သူ့အဖေကိုတတ်နိူင်သလောက်ကူရင်း ဟျွန်းဆော့ကလည်း ဂိမ်းstream ရင်း အလုပ်တွေကိုယ်စီရှုပ်ကြအုံးမည်ပေါ့ဒီနှစ် နွေဦးမှာတော့ ဂျွန်ဂယူမေမေ ဖွင့်ထားတဲ့ Floral Mini Flowerဆိုင်လေးက အရင်နှစ်ကထက် ပိုပြီးလူသိများလာခဲ့သည် ဂျယ်ဟျော့နဲ့
ဂျွန်ဂယူက ဆိုင်မှာ အမြဲ ရှိနေတယ်ဆိုတာသိကြလို့ကျောင်းက ကောင်မလေးတွေလာဝယ်တာကြောင့် အရင်ကထက်လူပိုသိလာခြင်းသာမေမေကလည်း အရင်ကထက် ပန်းတွေကိုအမျိုးစုံလင်အောင်စိုက်တာကြောင့် ဆိုင်မှာလည်း ပန်းလေးတွေ အရင်ကထက်စုံအောင်တင်နိုင်လာခဲ့သည်
ဘူဆန်ရဲ့ နွေရက်တွေက သိပ်ပြီးလွမ်းစရာ ကောင်းလှသည် ဧပရယ် ရဲ့ နွေညတွေကတော့ တခြားလတွေထက် ပိုပြီးပူတာကြောင့် ညဘက်တွေဆို ပြတင်းပေါက်သာဖွင့်ထားရသည် လသာတဲ့ရက်တွေဆိုရင်တော့ ဂျွန်ဂယူနားထောင်မိတဲ့ တစ်ပုဒ်တည်းသော သီချင်းကတော့ White Moonlight & Cinnabar
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...