24

502 67 7
                                        

မိုးတိမ်တွေမရှိသလို နေလည်းမသာပေမယ့် မိုးလည်းမရွာတဲ့ နေ့

Mini flower ဆိုတဲ့ ပန်းဆိုင်လေးထဲမှာတော့ ကောင်လေးတစ်ယောက်က စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတာကို လမ်းသွားလမ်းလာတွေအနေဖြင့် ကြည်လင်နေသော မှန်ကနေဖောက်ကာ မြင်နိုင်ပါသည်

ကျောင်းဖွင့်ရာသီလည်းဖြစ်တာကြောင့် အခု‌တလော ဂျွန်ဂယူတို့ရပ်ကွက်မှာ လူသွားလူလာ သိပ်များလို့နေသည်

လူအစည်ဆုံး‌နေရာ ကတော့ သပ်ရပ်ပြီး အကြည်ဓာတ်တွေနဲ့ပြည့်နေတဲ့ ဂျွန်ဂယူတို့ ပန်းဆိုင်လေးဖြစ်လိမ့်မည်

ဆိုင်ရှင် အစ်ကိုလေးက ချောပြီး အကြည်ဓာတ်လေးဖြစ်နေတာကြောင့် ပန်းဝယ်လာတဲ့ မိန်းမချောလေးတွေကပိုများနေတာပင်

ဒီနေ့ကတော့ ပထမနှစ်ကလေးတွေ အဆောင်နေရာချကြမှာမလို့ ဂျွန်ဂယူတို့ဆိုင်လေးက လူရှင်းနေသည်

ဝယ်သူလည်းမရှိတာကြောင့်  ဟိုနေ့က ဂျယ်ဟျော့ဆီက ငှားလာတဲ့ စာအုပ်ကိုဖတ်‌ရင်းဖြင့်ပင် ဆိုင်စောင့်နေလိုက်သည်

စာအုပ်ထဲ စိတ်ဝင်နေတုန်း ရုတ်တရက် ပွင့်သွားတဲ့ မှန်တံခါးကြောင့် ဂျွန်ဂယူပြာပြာသလဲထလိုက်သည်

“ကြွပါခင်ဗျာ ဘာအလိုရှိ..”

အကျင့်ပါနေကြစကားအတိုင်း ဆိုင်ထဲကိုလှည့်လည်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပေမယ့် ထိုလူ၏ မျက်နှာကို မြင်လိုက်ချိန်မှာပင် စကားတို့ကရပ်တန့်သွားရသည်

“ဪ အင်း Cosmos ပန်းလေးလိုချင်လို့ပါ”

ထိုလူဘက်ကလည်း အထစ်ထစ်အငေါ့ငေါ့နဲ့ အလိုရှိရာကို ပြောလာသည်

“အာ ဟုတ်ကဲ့ ဒီဘက်ကိုကြွပါခင်ဗျာ”

အတန်ငယ်လျှောက်ပြီးသော် Cosmos ပန်းတွေထားတဲ့နေရာအရောက်

“လူကြီးမင်း ကြိုက်တဲ့ပန်းကို ရွေးယူနိုင်ပါတယ်
ကျွန်တော် ကောင်တာကနေ စောင့်နေပါမယ်  အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ကျွန်တော့်ကိုခေါ်နိုင်ပါတယ်ခင်ဗျာ”

“အာ ...အဲလိုဆို လှတာလေး ကျွန်တော့်ကိုရွေးပေးပါလားဗျ ကျွန်တော်က ပန်းတွေသိပ်မကြည့်တတ်လို့”

Default Title - Spring DiaryWhere stories live. Discover now