4

551 85 8
                                    

နွေဦးဆိုတာ ကိုမကြိုက်တဲ့သူသိပ်ရှိမည်မထင်
တောင်ကိုရီးယား ဘူဆန်က နွေဦးနဲ့  ဂျပန် မီအဲက နွေဦး ဘာသာစကားအပြောင်းအလဲကြောင့်သာ ကွဲသွားသည် အလွမ်းဓာတ်ပေးနိုင်သည်ကတော့ အတူတူပင်

"Mashiiiiii>>>>>>>"

ဝက်သစ်ချပင်ရဲ့ အကိုင်းအခက်တွေကိုငေးရင်း ကိုယ့်အတွေးနဲ့ကိုယ်ကဗျာဆန်နေတုန်း ရုတ်တရက်ဝင်လာတဲ့ အော်သံကြောင့် တွေးလက်စအတွေးလေးပျက်သွားရသည်

အတွေးပျက်အောင်လုပ်တဲ့ တရားခံကိုစစ်ကြည့်ရန် အော်သံကြားရာဘက်ကိုကြည့်တော့ မည်သူမျှပင်မတွေ့ရ

"Mashiii>>>>>>"

ဟော ထပ်ကြားပြန်ပြီ

ခဏနေတော့ ဘောလုံးပိုက်ထားရင်း Mashiဆိုပြီးအော်လျှောက်လာတဲ့ ကောင်လေးတစ်ယောက်မြင်ကွင်းထဲရောက်လာသည်

"ဘာတုန်းMashiက"

အတွေးမဆုံးသေးခင် Jihoonပြောထားတဲ့ လမ်းထိပ်ကသူ့Crushဆိုတဲ့ကောင်လေးက အိမ်ထဲကပြေးထွက်လာတာတွေ့လိုက်သည် ဒါဆို လူချင်းမတွေ့ခင် ဟိုဘက်လမ်းထိပ်မှာထဲက အော်ခေါ်လာသည့်ပုံစံပင်

"Ruto>>>>>>>>>>>"

ဪ ကစားနေကြတာဘဲ

ခဏနေတော့ JeongWooပါထွက်လာပြီး အော်ဟစ်နေတဲ့ Squadထဲ ဝင်joinလိုက်ပြန်သည် ထို့နောက် သုံးယောက်သား ‌ဘောလုံးကန်ဖို့ Trainingဆင်းတော့မယ့်လူတွေလို ဖက်လိုက်ကြပြီး အော်ဟစ်ကာပြေးသွားကြတော့သည်

ကျွန်တော် နှာခေါင်းရှုံ့မိသည် သူတို့ကိုဘဲကြည့်လေ မမောမပန်း ပြေးလွှားကစားနိုင်တာ အားအင်ကုန်ခမ်းရတဲ့အထဲ ဘယ်လိုတောင်အဲလိုလုပ်နိုင်ကြတာလဲ

"ဘုန်း...!!!"

"အ...!!yarrr....Park Jihoon!!"

ဟုတ်ပါတယ် နှစ်ယောက်မရှိနိုင်သော ချစ်ရတဲ့အမြင်ကတ်စရာအကောင်းဆုံး သူငယ်ချင်းPark Jihoon ကျွန်တော့်ကိုနောက်ကနေချောင်းပြီး နောက်ကျောကိုရိုက်သွားတာ

ရိုက်ပြီးတော့သူမဟုတ်သလို ပခုံးလာဖက်ပြီး

"ဘာတွေတွေးနေတာလဲ"

Default Title - Spring DiaryWhere stories live. Discover now