မနေ့က ပြန်လာပြီးကတည်းက ယွန်ဂျယ်ဟျော့တို့ ပြုံးဖြီးနေတာ အခုထိလည်း သီချင်းတအေးအေးနဲ့ တော်တော် အဆင်ပြေနေပုံပင်
'ဝါး ယွန်ဂျယ်ဟျော့ အခြေနေတွေကောင်းလို့ပါလား'
ယဲဒမ်ရဲ့အမေးကို မျက်လုံးကလယ်ကလယ် ခေါင်းတခါခါလုပ်ရင်း
'ငါက အဖြေရသွားပြီလေ သားကြီးတို့ရ မင်းတို့မင်းတို့တွေလို အလေလွင့်လေး မဟုတ်တော့ဘူး ဟဲဟဲ'
ဂျွန်ဂယူ နဲ့ ယဲဒမ်ရဲ့ နှဖူးကို လက်ညှိုးတစ်ချောင်းနဲ့ ထိုးပြီး ရေဘူးကိုင်ကာ အောက်ထပ်သို့ ဆင်းသွားသည်
'ရားးး ဒီကောင်'
'ထားလိုက်စမ်းပါကွာ အရင်ကလဒ မှိုင် မှိုင်နေတာ သူမဟုတ်သလိုဘဲ'
'လောကကြီးကလည်း တရားလိုက်တာ မင်းနဲ့ငါဘဲ ကွက်ချန်ခဲ့သလိုဘဲ'
'မကျန်ချင်ရင် မင်းကိုလာကြိုက်တဲ့ကောင်မလေးတွေထဲက တစ်ယောက်ကို ပြန်ကြိုက်လိုက်လေ ယဲဒမ်ရ'
'နေပါကွာ ငါက တည်တည်ကြည်ကြည်နဲ့ တစ်ကိုတည်းတောက်ပ နေတဲ့ ဆမ်းနမ်ဂျား လုပ်မှာ'
'မပြောတော့ဘူး မင်းကို'
နှစ်ယောက်သား စကားပြောလိုက် စာတန်းစီလိုက်လုပ်နေသည်
တကယ်တော့ ဂျွန်ဂယူက ယဲဒမ်ကို ကူနေချင်းသာ
—————————————————————-
ဒီနေ့ နေ့လည်ပိုင်း fresher welcomeရှိတာမို့ ကျောင်းခန်းမ တဝိုက် လူစည်နေသည်
'ဒမ်မီး ဒီလောက်ဆိုရပြီလား'
Selection တွေtrainတာကို သေချာကြပ်မတ်ပေးနေတဲ့ ယဲဒမ်ကို ပန်းတွေထိုးတာအဆင်ပြေမပြေ ဂျွန်ဂယူမေးနေခြင်းသာ
'အင်း ရပြီ အလယ်နားကို အဖြူလေးနည်းနည်းသုံးလိုက် ဂျွန်ဂယူ'
'နောက်ထပ် ဘယ်နှအိုး ထိုးဖို့ကျန်သေးတာလဲ'
'ခန်းမ ရှေ့က နှစ်အိုးရယ် posterရှေ့က နှစ်အိုးရယ် စင်ပေါ်က ငါးအိုး ခန်းမထဲက ရှစ်အ်ိုးရယ် king&queen prince&princessအတွက် လေးစည်းရယ်'
'ခန်းမရှေ့ရယ် posterရယ် စင်ပေါ်ရယ်အတွက်ကပြီးပြီ ဟောခန်းထဲထိုးရဖို့ဘဲကျန်တော့တယ် ပန်းစည်းတွေက ပြီးမှပတ်လိုက်မယ် အချိန်တွေကျန်ပါသေးတယ်'
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
