လရောင်ဖြူဖြူလေးက တိတ်ဆိတ်နေတဲ့ကမ္ဘာကြီးပေါ်အနှံ့ဖြန့်ကျက်ပေးလို့နေသည် အခန်းထဲသို့ ပြတင်းပေါက်ကနေတဆင့် နွေဦးလေညှင်းလေးနဲ့အတူ လရောင်လေးကလည်း အပြိုင်တိုးဝင်ရောက်လို့နေလေသည်
ဒီအခြေနေလေးက တိတ်ဆိတ်ခြင်းကိုနှစ်သက်သူအဖို့တော့အကောင်းဆုံးမဟုတ်ပါလား
စားပွဲပေါ်က Dandelionပန်းစည်းလေးကတော့ ခုချိန်ထိမြတ်နိုးစရာကောင်းနေသည် ဒီပန်းကလေးနွမ်းသွားလျှင်တောင် JunKyuကတော့အမြတ်တနိုးသိမ်းထားအုံးမှာပင်။"Hyung... Hyung"
အသံပိုင်ရှင်ကတော့ JeongWooပင်
ညဘက်ကြီး တံခါးလာခေါက်ပုံအရဆို ဒီလိုတိတ်ဆိတ်ခြင်းအခြေနေကို ဒီကောင်လေး
နေသားမကျလို့ ရောက်လာခြင်းဖြစ်မည်
တံခါးဖွင့်ပေးလိုက်တော့ JeongWooတစ်ယောက်တည်းမဟုတ် Harutoလည်းပါသည်"မင်းတို့ မအိပ်ကြသေးဘူးလား"
"အစောကြီးရှိသေးတာကို Hyungကလည်း"
"Gameဆော့ရအောင် "
Harutoက ဝင်ပြောလာတာကြောင့် ဒီတိုင်းနေလိုက်ဖို့လည်း မတတ်သာတော့ဘဲ သူတို့သဘောအရ Gameဆော့ဖို့သဘောတူလိုက်ခဲ့သည် ပုံမှန်ဆိုရင်တော့JunKyuငြင်းမိမှာပင်
"Shihoကော"
Jihoonကတော့ ရိုးရာမပျက် သူ့ရဲ့တစ်မိုးအောက်Crushကို မေးလေပြီ
"အောက်ထပ်ကိုရေဘူးသွားယူတယ်"
"သူကမကစားဘူးလား"
"နေမလား Hyungကလည်း သူဒီလောက်ဂိမ်းဆော့တာ ခဏနေရင် လာမှာ"
"အဲ့ဆို Shihoလာမှ ပွဲစမယ်"
ခဏနေတော့ ရေဘူးလေးလက်ကကိုင်ပြီး Shihoရောက်လာသည်
"Mashi မြန်မြန်လာ ပွဲစတော့မယ်"
Rutoပြောလိုက်တော့ ချက်ချင်းဖုန်းကောက်ကိုင်ခါ Gameထဲဝင်လိုက်တဲ့Shiho
Jihoonကတော့ ရိုးရာမပျက် Shihoကိုငမ်းလို့ပေါ့လေ"ဘာလုပ်နေတာလဲ Jihoonဝင်ဟ"
"ဪ...အေး"
ငမ်းနေတာနဲ့ match upဖြစ်သွားတာကိုတောင်မသိရှာတဲ့Jihoonကိုတော့ ခုတင်ပေါ်ကနေစောင့်ကန်လိုက်ချင်သည်
ကစားရင်း ကစားရင်းနဲ့တဖြည်းဖြည်းညနက်လာတာကြောင့် လူလည်းငိုက်လို့နေလေပြီ
![](https://img.wattpad.com/cover/293737193-288-k79843.jpg)
YOU ARE READING
Default Title - Spring Diary
Fantasiaမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...