28

397 75 6
                                        

မနေ့ညက ရွာထားတဲ့ မိုးရေတွေကြောင့် အဆောင်ရှေ့က ကွင်းပြင်မှာ ရေတချို့ကျန်နေသည်

သစ်ကိုင်းတွေမှာတော့ မိုးရေစက်တွေမရှိတော့
ပေမယ့် မြက်ခင်းပြင်မှာတော့ ရေစက်ကလေးတွေ တွဲလွဲခိုနေတုန်း

ကောင်းကင်ကတော့ အုံ့မှိုင်းလျှက် ရှိသေးသည်

'မိုးရွာအုံးမှာထင်တယ်'

ဂျယ်ဟျော့က ကောင်းကင်ကိုကြည့်လျှက် တွေးတွေးဆဆပြောသည်

'အင်း အဲလိုဖြစ်လောက်တယ်'

ယဲဒမ်ကပါ ဂျယ်ဟျော့အတွေးကို လက်ခံသည့်အနေနဲ့ ထောက်ခံချက်ပေးရှာသည်

သုံးယောက်သား အဆောင်အောက် တံခါးမကြီးနားရပ်နေပေမယ့် ဂျွန်ဂယူကတော့ ဘာမှမပြော

'ယိုရှိရား  ငါထီးကျန်ခဲ့လို ယူခဲ့ပါအုံး'

'ခုနကဘဲ ပေးလိုက်ပြီလေ အသည်းရဲ့ ဘယ်မှာထားခဲ့ပြန်တာလဲ'

'အာ မေ့လို့ ဒီမှာဘဲ'

လွယ်အိတ်ဘေးမှာ ထီးချိတ်ထားပြီး ထီးမေ့နေတဲ့ ဟျွန်းဆော့ကတော့ ကပျာကယာ အောက်ဆင်းလာတာဖြစ်သည်

သူ့နောက်မှာတော့ ယိုရှိ

'ဂျီဟွန်းတို့သွားပြီလား'

'အင်း ရှီဟိုက စာအုပ်ဝယ်စာရာရှိသေးလို့တဲ့
သွားနှင့်တယ်'

ဟျွန်းဆော့ကတော့ သူငယ်ချင်းတွေကို ခင်တွယ်တတ်တဲ့သူပီပီ တစ်ယောက်မတွေ့တာနဲ့ သူမနေတတ် ချက်ချင်းမေးတတ်သည်

'ဂျွန်ဂယူ ဒီနေ့ကော ဂျူတီရှိလား'

'အင်း အရင်လိုဘဲ'

မူလတန်းကလေးတွေမဟုတ်တော့ပေမယ့်
ငါးယောက်သား မိုးရာသီဆောင်း ထီးအကြည်လေးတွေကို ကျောပိုးလွယ်အိတ်မှာချိန်ရင်း
အရှေ့အနောက်အနေအထားနှင့် လျှောက်လာ
ကြသည်

ကျောင်းmain ဆောင်ရှေ့ရောက်တော့ သွားရမယ့်နေရာတွေ မတူတာကြောင့် ထိုနေရာမှာတင် ယိုရှိနဲ့ ဟျွန်းဆော့က တစ်နေရာ ယဲဒမ်နဲ့ဂျယ်ဟျော့က တစ်နေရာ ဂျွန်ဂယူကတော့ ကျောင်းဆေးခန်းဘက်ကို ဦးတည်ခဲ့သည်

ဂျွန်ဂယူ လျှောက်လာတဲ့ တစ်လျှောက်လုံး ကျောင်းကလူတွေ အကုန် ဂျွန်ဂယူကိုဘဲ ကြည့်ကာ တ်ိုးတိတိုးတိ ပြောနေတာကိုတော့ သတိထားပေမယ့် မနေ့က ကိစ္စအကြောင်းကိုဘဲပြောနေကြတာဖြစ်မှန်း သူရိပ်မိပါသည်

Default Title - Spring DiaryWhere stories live. Discover now