1

1.8K 110 6
                                    

ကျောင်းစာမေးပွဲနောက်ဆုံးနေ့မှာတော့ 𝗝𝘂𝗻𝗸𝘆𝘂 တစ်ယောက် အရင်ရက်တွေနဲ့မတူ အရမ်းတက်တက်ကြွကြွဖြစ်နေသည်မို့ အမြဲတစေ ပေါင်းဖက်လာသည့် သူငယ်ချင်းဖြစ်သူ 𝗬𝗲𝗱𝗮𝗺
ကိုယ်တိုင်ပင် အံ့ဩနေလေသည်

"Kim JunKyu ဘာဖြစ်နေတာလဲ လမ်းသွားတာ ခုန်စွခုန်စွနဲ့ အေးဆေးလျှောက်စမ်းပါ"

Yedamဆိုလိုက်တော့ JunKyuတစ်ယောက် ပြုံးစစမျက်နှာပေးနဲ့ ‌‌အနောက်ကိုလှည့်ကြည့်လာသည်

"မဖြစ်ဘူးDammieရ မနက်ဖြန်ငါ့အချစ်လေးစီသွားရမှာဆိုတော့ ပြင်ဆင်စရာရှိတာတွေပြင်ရအုံးမယ်လေ"

"အိမ်ရောက်မှပြင်လည်းရပါတယ်JunKyuရာ မင်းအိမ်က ထွက်မပြေးပါဘူး"

"အချိန်ဆိုတာ ပိုတယ်မရှိဘူးDammieရ "

"အေးပါဟ Kim JunKyuတို့ အပိုလုပ်ချက်က
ကျောင်းစာသာ အဲလိုမျိုးသဘောထားပြီး ကျက်ခဲ့ရင် သေချာပေါက် First gradeကနေဆင်းမှာကိုမဟုတ်ဘူး"

"ဒါကတော့ ဒီလိုရှိတယ်လေကွာ ဟဲဟဲ"

ပြောပြောဆိုဆိုနဲ့ JunKyuတစ်ယောက် ပြေးထွက်သွားပြန်သည် နောက်ကYedamမှာသာ ပြေးသွားတဲ့JunKyuနောက်ကျောကိုကြည့်ရင်း ပြုံးလျှက်သာ ကျန်ခဲ့တော့သည်

-------------

"မင်းသမီးလေး မင်းသမီးလေး ချစ်ရတဲ့အလှပဆုံးမင်းသမီးလေး........"

ဒါကတော့ ကျောင်းကနေပြန်လာတဲ့ဂျွန်ဂယူ အိမ်ထဲတောင်မရောက်သေး ခြံတံခါးဝကနေ အော်ပြီးပြေးလာတဲ့အသံပင်

"ဒုန်း.....အယ်"

ပြာယာမခတ်ရမနေနိုင်ရှာသော JunKyu အခုလည်း ခြံတံခါးနားမှာချထားတဲ့ Junghwannieရဲ့skate boardကို မမြင်မစမ်းနဲ့ တက်နင်းမိပြီး ချော်လဲသွားတဲ့အသံပင်

"အာ...Hyungကလည်း ကျွန်တော့်Skate boardတော့ ကျိုးပြီလားမသိဘူး တအားကိုဘဲ "

ငိုမဲ့မဲ့ မျက်နှာထားနဲ့ပြောလာတဲ့ အနှီကလေးစုတ်အား စိတ်ရှိလက်ရှိသာခေါက်ပစ်လိုက်ချင်ပါတော့သည် ဘယ့်နှယ် ကိုယ့်အစ်ကိုတစ်ယောက်လုံး အရှိန်နဲ့ချော်လဲကျသွားတာကို စိတ်ပူရကောင်းမှန်းမသိ သူ့Skate Boardကို စိတ်ပူပြနေတယ်

Default Title - Spring DiaryWhere stories live. Discover now