ဂျွန်ဂယူတစ်ယောက် ဦးထုပ်ကို ငိုက်စိုက်စောင်းကာ ကျောပိုးအိတ်ကို ပခုံး တစ်ဖက်တည်းနဲ့လွယ်ပြီး ကျောင်းဆီသို့ လျှောက်လာနေသည်
«ဒီနေ့ပထမဆုံး ကျောင်းစတက်တဲ့ စီနီယာတစ်ယောက်အနေနဲ့ ခပ်မိုက်မိုက်ပုံစံကို ဂျူနီယာလေးတွေဆီပြပေးရမယ်»
အတွေးနဲ့အတူ ခပ်မြူးမြူးလေး လျှောက်လာနေတုန်း ကျောင်းပေါက်ဝရောက်တော့ မျက်စိရှေ့ရောက်လာတာက အတွဲတစ်တွဲ
'ဘယ်လိုတုန်း အခုဘဲကျောင်းစတက်တာ အခုဘဲအတွဲတွေတွေ့နေရ.....လခွမ်း ဒီကောင်ဘာလုပ်တာတုန်းဟ ချွဲဟျွန်းဆော့သိရင် မိုးမီးလောင်မယ့်ဖြစ်ခြင်း'
အတွဲထင်ပြီး လျစ်လျူရှုမယ့်ကြံကာမှ သေချာပြန်ကြည့်မိလိုက်တော့ ခေါင်းနီနီ နဲ့ ဟိုပန်းသီးကောင်
ဘေးမှာလည်း စကိတ်ဘုတ်နဲ့'ရားးးးးယိုရှိနိုရိ အဲ့ဒါဘာလုပ်နေတာလဲ'
ဂျွန်ဂယူ အသံကြားမှ ခေါင်းမော့ကာ လှမ်းကြည့်လာတဲ့ အနှီပန်းသီးက ဝမ်းသာသွားဟန်ဖြင့် ပြုံးပြကာ
'အာ ဂျွန်ဂယူ..ငါဒီကောင်မလေးကို ဝင်တိုက်မိတာကွာ ကျောင်းဆေးခန်းပို့ပေးရမှာမလို့'
'ဟျွန်းဆော့သိမှ မိုးမီးလောင်နေမယ် ဖယ် ငါဘဲ တွဲပို့လိုက်မယ် Thanks me later နော် ငါ့ကောင်'
'အေးပါကွာ ကျေးဇူးမမေ့ဘူး ကောက်စိန်ဆီသွားလိုက်အုံးမယ် ခုတော့'
'အိုခေခေ'
«ငါ့နှယ် ဂျူနီယာလေးတွေရှေ့ စမတ်ကျပြမလို့ပါဆို အခုတော့»
အခုတော့ ဂျွန်ဂယူခမျာ ပုခုံးတစ်ဖက်တည်းနဲ့လွယ်လာတဲ့ အိတ်ကို ကလေးချီသလို ရှေ့မှာထားလွယ်နေရပြီ ခါနဲမိုတို အမျိုးကောင်းသားရဲ့ကျေးဇူးနဲ့
ဘောလုံးကွင်းဘက်က သွားရင် ကျောင်းဆေးခန်းကို အမြန်ရောက်နိုင်ပေမယ့် လူရှုပ်တာကြောင့် engineering ဆောင်ဘက်က ဖြတ်သွားဖိူ့သာလုပ်လိုက်သည်
engineering ဆောင်တွေက စာသင်ချိန်လောက်ဘဲ လူကပ်တာ ဒီလို မနက်စောစောတော့ လူရှိမယ်မထင်
သို့သော် အထင်နဲ့အမြင်မှာ တလွဲစီဖြစ်လို့နေသည်
'Oppa ဒီengineering က လူအရမ်းများတာလား'
![](https://img.wattpad.com/cover/293737193-288-k79843.jpg)
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...