အချိန်တွေက တရွေ့ရွေ့နဲ့ နွေရက်တွေလည်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလို့လာသည် ဂျွန်ဂယူတစ်ယောက်လည်း နေ့တိုင်း မနက်နိုးရင် မေမေ့ပန်းခင်းတွေရေလောင်းပေးလိုက် ပေါင်းသင်ပေးလိုက် ပြီးရင်မေမေနဲ့ဆိုင်ကိုလိုက်ကူလိုက်ဖြင့်ပင် သူ့ရဲ့အချိန်တွေကို သမားရိုးကျကျ ကုန်ဆုံးစေသည်
တခါတလေ ဆိုင်သွားရင် ဂျယ်ဟျော့ကီက
ဂျွန်ဂယူနဲ့ လိုက်ပြီးကူညီစမြဲ သူ့အမေခိုင်းတဲ့နေ့မျိုးဆိုရင်တော့ နေ့ခင်းဘက်မှလာတတ်သည် ဆိုင်မှာအဝယ်မကျတဲ့နေ့ဆိုရင် အားတဲ့အချိန်နှစ်ယောက်အတူ ဂိမ်းဆော့ဖြစ်သည်ဂျောင်ဟွမ်ကတော့ ဒိုယောင်းနဲ့ သူငယ်ချင်းဖြစ်ပြီးကတည်းက အိမ်ကိုသိပ်မကပ်တော့ ဒိုယောင်းဆီဘဲသွားလည်နေတတ်သည် တခါတရံ ဒိုယောင်းနဲ့အိမ်မှာဘဲ ကပ်နေရင်လည်းနေတတ်သည် ဒိုယောင်းနဲ့ဂျောင်ဟွမ် ခွဲမြင်တွေ့ရတဲ့အချိန်ဆိုတာ သိပ်မရှိလှ ညအိပ်ချိန်ဘဲရှိမည်ထင်သည် ဒါတောင်တခါတလေ ဒိုယောင်းကအိမ်လာအိပ်လိုက် ဂျောင်ဟွမ်က ဒိုယောင်းစီသွားအိပ်လိုက် လုပ်နေတတ်သည်
ဒီနေ့တော့ ဆိုင်မှာ မနက်ပိုင်းအရောင်းနည်းနည်းတာကျမို့ ဟျွန်းဆော့ကော ဂျယ်ဟျော့ပါ လာကူနေရသည် ပန်းတွေစည်းလိုက် ရေထဲစိုက်လိုက် ရိုးတံခြွေလိုက် ပန်းခြင်းပြင်လိုက်နှင့် အလုပ်မအားကြ ယဲဒမ်ကတော့ သူ့အဖေက ကုမ္ပဏီCEOဖြစ်ပြီး သူ့အမေက ကျောင်းဆရာမဖြစ်တာမို့ စည်းကမ်းတင်းကြပ်တဲ့အပြင် သူ့အိမ်အလုပ်ကူရတာကြောင့် ဂျွန်ဂယူတို့နဲ့အမြဲအတူမရှိနေနိုင် သူအလုပ်အားတဲ့အချိန်မျိုးမှသာ လာဖြစ်သည်
နေ့လည်နားတော့ ဂျွန်ဂယူမေမေက သူတို့သုံးယောက်အတွက် အသီးစုံနဲ့ ရေခဲမုန့်ယူလာပေးသည် တကယ်တော့ သူတို့အသိုက်အဝန်းလေးက သိပ်ကိုနွေးထွေးသည် ဒီလိုဘဝမျိုးဆိုတာ လူတိုင်းရချင်လို့တောင်မရနိုင်ဘူးလေ
နေ့လည် အလုပ်ပါးတဲ့အချိန် ပန်းအိုးတွေ နေရာရွှေ့ပြီး သုံးယောက်အတူဂိမ်းဆော့ဖို့လုပ်တော့
ယဲဒမ်ကို သတိရတာကြောင့် ဂိမ်းဆော့ဖို့ဖုန်းဆက် ခေါ်လိုက်သည်
YOU ARE READING
Default Title - Spring Diary
Fantasiaမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...