27

394 72 14
                                        

မနက်အစောကြီး နေတောင် မထွက်သေးခင် တခြားအခန်းတွေကတော့ ငြိမ်နေပေမယ့် ဂျွန်ဂယူနဲ့ ယဲဒမ် ရဲ့အခန်းကတော့ တကုတ်ကုတ်နဲ့ ဆူညံနေတာမျိုးမဟုတ်ဘဲ key board သံဘဲ ကြားနေရသည်

ဂျွန်ဂယူက ခန္ဓာဗေဒ ရဲ့ နှလုံးအပိုင်းကို သေချာလေ့လာရှာဖွေနေတာဖြစ်ပြီး ယဲဒမ်က စာတမ်းပြုစုရာမှာ အရေးကြီးတဲ့ အချက်အလက်တွေစုဆောင်းနေခြင်းသာ

'ဂျွန်ဂယူ မင်း ဂျယ်ဂျူဒိုရောက်ဖူးလား'

'အင်း ငယ်ငယ်က နှစ်ခါလောက်လား ရောက်ဖူးတယ်'

'ဒီတစ်ခေါက် စာတမ်းပြုရင် သွားရအုံးမယ်ထင်တယ်'

'အွန်း ကောင်းတာပေါ့ သေချာလည်ခဲ့ လေထုကောင်းတယ်'

'ဒါနဲ့ မင်းဘယ်ချိန်ကျောင်းသွားမှာလဲ ဒီနေ့'

'၇ခွဲလောက်ပေါ့ ဒီနေ့ ငါ့duty ရှိတယ်'

'အိုခေ ငါလည်း မင်းနဲ့တူတူလောက်သွားမယ်'

'အွန်း '

နေထွက်စ ပြုလာတော့ အဆောင်က တိတ်ဆိတ်မနေတော့ဘဲ လှုပ်လှုပ်ရှားရှားဖြစ်လာသည်

'ဂျွန်ဂယူ ဒီနေ့ မင်း ဂျူတီ လား'

'အင်း ဟုတ်တယ် မင်းက ဒီတစ်ပတ်လုံး offတယ်နော် ဂျီဟွန်း'

'ဟီးဟီး ကြားချင်နေတာလည်း အဲ့အသံကွ'

ပြောပြီး သူ့အခန်းသူပြန်သွားသည်

တကယ်တော့ ဂျွန်ဂယူတို့က နောက်လထဲမှာ ဆေးရုံကိုလက်တွေ့အနေနဲ့ သုံးလ ဆင်းရမှာဖြစ်ပြီး အခုက ကျောင်းဆေးခန်းမှာ အစမ်းအနေနဲ့ duty အလိုက် အရင်လုပ်ရခြင်းသာ

ဆေးရုံးမှာ duty ဝင်ရတဲ့ရက်တွေမှာတော့ ကျောင်းတက်စရာမလိုပေ

အဆောင်ကနေ ယဲဒမ်နဲ့အတူထွက်လာပေမယ့် ကျောင်းရောက်တော့ အဆောင်မတူတာကြောင့်လမ်းခွဲလိုက်သည်

'ဂျွန်ဂယူ ဒီနေ့ duty ဘယ်ချိန် offမှာလဲ'

'နေ့လည် ၁၂ offမှာ ကန်တင်းဘဲမလား'

'အေး အဲတာဆို အဲ့ကဘဲစောင့်မယ်'

'ဟုတ်ပြီ ဟုတ်ပြီ'

ကျောင်းဆေးခန်းကို ရောက်တော့ အရင်အပတ်က ဂျီဟွန်း ဝင်ထားတဲ့ ဆေးစာရင်းတွေ လူနာမှတ်တမ်းတွေသေချာပြန်စစ်ရသေးသည်

Default Title - Spring DiaryWhere stories live. Discover now