'မာရှီ ဘာလုပ်နေတာလဲ'
အဆောင်ရှေ့ တရုတ်စကားပင်အောက်မှာ တစ်ယောက်တည်းထိုင်နေတဲ့မာရှီ
ခေါင်းစွပ်မပါသော ခရမ်းရောင် ဆွယ်တာ
လက်ရှည်လေးထဲမှ ဖြူဖွေးနေသောလက်ဆစ်လေးတွေမှစ၍ ပေါ်ရုံမျှပေါ်နေသည်
ငြိမ်ငြိမ်လေးထိုင်နေတဲ့မာရှီက ဂျွန်ဂယူကိုမြင်တော့ ယုန်သွားလေးတွေပေါ်အောင် ပြုံးပြပြီး
'အစ်ကိုဂျီဟွန်းကိုစောင့်နေတာ'
'အထဲဝင်စောင့်လေ အပြင်မှာအေးတယ်'
'ရတယ်အစ်ကို အစ်ကိုဂျီဟွန်းပြန်လာရင် မတွေ့မှာဆိုးလို့'
'အဆောင်ပြန်လာမှာဘဲကို မာရှီကလည်း'
'ဒီနေ့အနုပညာခန်းမဘက်သွားမယ်ပြောထားတာ ကျွန်တော့်ကိုဒီရှေ့ကစောင့်တဲ့'
'အေးကအေးနဲ့'
'ဂျွန်ဂယူ ပြန်လာပြီလား'
အောက်ထပ်ကို အမှိုက်လာပစ်တဲ့ ဂျယ်ဟျော့က သစ်ပင်ကွယ်နောက်က မာရှီကိုတော့ မြင်ဟန်မတူ
'ဟင် မာရှီ ဘာလို့မပြန်သေးတာလဲ'
'အစ်ကို ဂျီဟွန်းမလာသေးလို့'
'နေပါအုံး ပတ်ခ်ဂျီဟွန်း ဒီနေ့ dutyလည်း မရှိဘဲ ဘယ်ကိုသွားတာလဲ '
'နေ့လည်ထဲက ထွက်သွားတာဘဲ ကိစ္စရှိလို့ဆိုပြီး'
ဆောင်းရာသီမို့ ညနေ၆နာရီသည် အပြင်မှာမှောင်စပြုနေပေမယ့် ဂျီဟွန်းကတော့ပြန်မလာသေး
'မာရှီ ဘယ်ကတည်းက စောင့်နေတာလဲ'
'၃နာရီခွဲ အစ်ကိုဂျွန်ဂယူ'
'ဒင်းတော့လား ကိုယ့်ထက်အငယ်ကို စောင့်ခိုင်းပြီး ကတိမတည်လုပ်နေတာ'
မာရှီက မျက်နှာမကောင်း
'အစ်ကို ဂျွန်ဂယူ ကျွန်တော်ပြန်တော့မယ်'
'တစ်ယောက်တည်းပြန်မှာလား အစ်ကိုလိုက်ပို့
မယ်လေ'
'နေနေ ရတယ်အစ်ကို ကျွန်တော်သွားပြီ'
မာရှီပြန်ပြီး တစ်နာရီလောက်နေတော့ ဂျီဟွန်းကပြန်ရောက်လာသည်
YOU ARE READING
Default Title - Spring Diary
Fantasíaမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
