22

413 65 4
                                    

မကြာခင် စာမေးပွဲဖြေရတော့မှာဖြစ်လို့ တခြားကျောင်းသားတွေ စာကြိုးစားပန်းစား လေ့လာနေကြသော်လည်း ဂျွန်ဂယူကတော့ ဒီတခါစာမေးပွဲအတွက် သေချာမလုပ်နိုင်

ဟိုရက်တည်းက မိုးမိထားတော့ လူက ညောင်းကိုက်နေပြီး အဖျားကတက်လိုက်ကျလိုက်ဖြစ်နေသည်

ဖျားနေတဲ့အချိန်ဖြစ်တာကြောင့် အခုချိန် လိုအပ်နေတာက အိမ်က အမေရဲ့ရင်ခွင်တစ်စုံသာ

“ဒမ်မီး ငါဒီနေ့ အိမ်ပြန်မလို့”

မျက်နှာလေးသုန်မှုန်စွာဖြင့် နှာသံလေးနဲ့ ဂျွန်ဂယူပြောရှာသည်

“အဆင်ပြေလို့လား”

“အင်း”

အဖျားတက်နေတုန်းဖြစ်မည် မျက်လုံးတွေလည်းနီရဲလို့

“အိမ်ကလာခေါ်မှာလား”

“ဟုတ်တယ်”

အချိန်ဘယ်လောက်မှ မစောင့်လိုက်ရ ခဏနေတော့ ဂျွန်ဂယူအိမ်က ကားဖြင့်လာခေါ်သည်

ဂျောင်ဟွမ်က ကလေးပီပီ သိတတ်စွာ ဂျွန်ဂယူစာအုပ်တွေကို သူကသယ်ယူလာသည်

အိမ်ရောက်တော့ အမေဖြစ်သူကိုတွေ့လျှင်တွေ့ခြင်း ဇွတ်ပြေးဖက်က မိခင်ကပြန်ဖက်လာတော့ ဂျွန်ဂယူ တရှုံ့ရှုံ့ငိုလေတော့သည်

“အမလေး ကလေးကျနေတာဘဲ မေ့သားကြီးက”

ဂျွန်ဂယူဆံပင်လေးတွေကိုဖွကာ အမေဖြစ်သူကဆိုတော့ ဂျွန်ဂယူက ပိုချွဲလေတော့သည်

ဘေးကကြည့်နေတဲ့ ဂျောင်ဟွမ်ကတော့  ပြုံးစိစိလေးနဲ့သူကပါ ဂျွန်ဂယူခေါင်းလေးကိုပွတ်ပေးရင်း

“အမလေး ငါတို့ညီလေးက ငိုနေတာဘဲ တိတ်တိတ်”

“ဂျောင်ဟွမ် ဒီနေ့ ဒိုဘီတို့အိမ်သွားရင် ကိုကြီးအတွက်ဆေးယူခဲ့အုံး”

“ဟုတ်”

ဒိုယောင်းမိဘတွေက ဆရာဝန်တွေဖြစ်တာကြောင့် အိမ်နီးနားချငိးတွေအတွက် အဆင်ပြေသည် 

မိဘတွေရှိနေတယ်ဆိုတဲ့ အသိကြောင့် အဆောင်မှာလိုတော့ ထွေထူးပြီးစိတ်ညစ်မနေဖြစ် ဆေးသောက်ချိန်တန်လျှင် မေမေက ဆေးတိုက်ပေးတာဖြစ်သလို စားလို့အဆင်ပြေသမျှ အကုန် ဖန်တီးပေးတာကြောင့် ဂျွန်ဂယူတစ်ပတ်အတွင်း နေပြန်ကောင်းလာခဲ့သည်

Default Title - Spring DiaryWhere stories live. Discover now