Shihoက JeongWooတို့ဆီပြေးသွားတော့ Jihoonလည်း JunKyuဆီလျှောက်လာသည်
"ခွေးကောင် အခုမှငါ့ကိုသတိရတယ်ပေါ့"
"ဟဲဟဲ စိတ်ကောက်တာလားMy Kyuက"
"ချီးကို My Kyu"
Jun Kyuစိတ်ပေါက်ပေါက်နဲ့ အော်ပြီး
စိတ်လိုလက်ရထုရိုက်ပစ်တော့ နာချင်ယောင်ဆောင်ခါ ထအော်ပြီးတွန့်လိမ်ပြလာတဲ့Jihoon"တော်တော်အမြင်ကတ်စရာကောင်းလွန်းလို့ အဲလိုလုပ်နေတာကြီးရပ်လိုက်ပါတော့ကွာ"
စိတ်ပျက်လက်ပျက်အော်ပြလိုက်မှ မချိုမချဉ်မျက်နှာထားတဲ့ ပြုံးဖြီးပြလာသည်
Jihoonနဲ့JunKyuဆိုသည်မှာ အဲလိုပင် အမြဲတကျက်ကျက် လူကြီးတွေရှေ့လည်းမရှောင်သလို ကလေးတွေရှေ့လည်းမရှောင်ပေ သတ်မြဲသတ်ဆဲပင်
Rutoအိမ်ကိုရောက်တော့ Rutoအမေက နှုတ်ဆက်ရင်းထွက်ကြိုလာတာကြောင့် အရိုသေပေးလိုက်ပေမယ့် ဂျပန်စကားလည်းသိပ်နားမလည်တော့ JunKyuက ပြုံးပြ နှုတ်ဆက် ရုံလောက်သာတတ်နိုင်သည် ကျန်သည့်စကားများတော့ ပြောမတတ်၍ Jihoonကသာ JunKyuအစား ပြောပေးရသည်
"Jihoon အိမ်က အကျယ်ကြီးဘဲနော်"
JunKyuတိုးတိုး တိုးတိုးနဲ့Jihoonနားကပ်ပြောလာတာကြောင့် Jihoonမှာ မသိမသာ ရိုက်ပစ်လိုက်ရသေးသည်
"အစ်ကိုတို့ နေရမယ့်အခန်းက အပေါ်ထပ်မှာနော်
ရေချိုးခန်းလည်းရှိတယ် တစ်ခါတည်းချိုးပြီး နားရင်လည်းနားကြလေ ညနေမှ ကျွန်တော် လျှောက်လိုက်ပို့ပေးမယ်"Rutoအကုန်လုံးကိုပြောတာဆိုပေမယ့် JunKyuကိုကြည့်ပြီး ပြောလာတာကြောင့် အသိအမှတ်ပြုပြီး ပြုံးပြလိုက်တော့ ထိုကောင်လေးက ရင်ခုန်အောင်ပြန်ပြုံးပြလာပြန်သည်
အပေါ်ထပ်မှာ အခန်းက၄ခန်းဖြစ်နေ၍ Jihoonနဲ့JunKyuက အခန်းတစ်ခုကိုမျှသုံးပြီး JeongWooနဲ့Mashihoက မျှသုံးကြသည်
Rutoကတော့ အစတည်းက သူ့အခန်းနဲ့သူဖြစ်လို့တစ်ယောက်တည်းသီးသန့်ဆိုပေမယ့် ထောင့်ဆုံးပိတ်ထားတဲ့အခန်းလည်းရှိသေးသည်
ထိုအခန်းက ပိုင်ရှင်က Rutoရဲ့အစ်ကို ဝမ်းကွဲပင်ဖြစ်ပြီး တခါတလေ အကြောင်းရှိမှ သူ့အိမ်တွင် မနေချင်သည့်အခါမျိုး Rutoထံအလည်လာတဲ့အခါမျိုးမှသာ နေသည်ဟုဆိုသည်

YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...