JunKyu မရောက်ဖူးတဲ့ နေရာအသစ်ကိုသွားရမည့်အပြင် မတွေ့တာကြာပြီဖြစ်တဲ့ အချစ်ရဆုံးငယ်သူငယ်ချင်းကိုလည်း တွေ့ရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားမှုတွေနဲ့အတူ ပျော်ရွှင်ပြီး မနက်အစောနိုးလို့သည် လေယာဉ်ထွက်မည့်အချိန်ကတော့10နာရီမှပင်
"ဟွန်း...အချိန်တွေကလည်းကြာလိုက်တာ"
JunKyuတစ်ယောက်စူပုတ်ပုတ်နဲ့ ပွစိပွစိရေရွတ်ပြီး Luggageထဲထည့်ပြီးသားအဝတ်တွေကို ပြန်ထုတ်လိုက်ထည့်လိုက်လုပ်နေသည် ဒါတောင်အချိန်ကမြန်မြန်မကုန်နိုင်သေး
"စောင့်ရတဲ့အလုပ်ကိုမုန်းပါတယ်ဆိုနေ>>>>"
ပြောရင်းစိတ်မရှည်လာတာကြောင့် မွေ့ယာပေါ်မှာ သံရှည်ဆွဲအော်ပြီး တက်ခုန်နေလေပြီ
ခနနေတော့ အခန်းတံခါးလာခေါက်တာမို့ ဖွင့်ပေးလိုက်တော့ Ommaပင်
"သားရေ Kyuငယ် မနက်စာလာစားအုံးလေ အကုန်ပြင်ဆင်ပြီးပြီ"
ချစ်ရတဲ့Ommaက JunKyuတို့ညီအစ်ကိုပေါ်ကို အမြဲနူးနူးညံ့ဆက်ဆံသည့်အပြင် နာမည်တွေခေါ်တဲ့အသုံးအနှုန်းကအစ အမြဲနွေးထွေးလို့နေတတ်သည်
"Hai Okasan"
"အမလေး ငါ့သားရယ် Koreaမှာဘဲရှိပါသေးတယ် တက်ကြွနေလိုက်ပုံများ ဘယ်လောက်တောင်သွားချင်နေတာပါလိမ့်"
ခေါင်းမွေးနုနုအိအိလေးတွေထဲ ညင်သာစွာလက်ထိုးဖွကာ ပြုံးရင်း ပြောလာတဲ့Ommaကြောင့် JunKyuပါပြုံးရင်း Ommaကိုလက်နှစ်ဖက်နဲ့သိုင်းဖက်ကာ အောက်ထပ်ကထမင်းစားခန်းစီကိုလိုက်လာခဲ့သည်
ထမင်းစားခန်းရောက်တော့ Appaက ဂျာနယ်ဖတ်ရင်း မနက်စာ စားနေလေပြီ
"မေ့ Junghwannieကော"
"ခုန ကဘဲ ခြံထဲမှာ ကစားလို့"
"သား သွားခေါ်လိုက်အုံးမယ်"
Ommaထံမှ အဖြေကိုမစောင့်တော့ဘဲ ခြံထဲသို့ဆင်းလာလိုက်တော့ ပန်းအိုးတွေကအပြည့်
သစ်ခွပန်းကိုအရောင်အမျိုးအစား စုံလင်စွာ အိုးလေးတွေနဲ့ချိတ်ဆွဲထားသည် မြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်မှာ ကျူးလစ်ပန်းလေးတွေကို အရောင်အလိုက် အခင်းနဲ့တမ်းစီပြီးစိုက်ထားလေသည် အုတ်platformလေးပေါ်မှာတော့ နှင်းဆီပန်းအိုးလေးတွေကအစီအရီပင် အဲဒီပန်းခင်းလေးတွေရဲ့ ဟိုဘက်အကျော်မှာတော့ Junghwannieရဲ့ကစားကွင်းလို့ဆိုရလောက်တဲ့အထိ Junghwannieရဲ့ကစားစရာတွေနဲ့ပြည့်နေတဲ့ မြက်ခင်းအသေးစားလေးတစ်ခု
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
