20

464 67 23
                                        

ရူတိုနဲ့ နေ့လည်စာအတူစားပြီး ကျောင်းကိုပြန်လာပြီး အတန်းဆီကိုဘဲသွားလိုက်တော့သည်

အတန်းကို ကိုယ်တိုင်သွားမည်ပြောသော်လည်း ခွင့်မပြုတဲ့ ဟာရူတိုကြောင့် သူလိုက်ပို့ပေးတာကိုဘဲလက်ခံလိုက်ရသည်

တကယ်တော့ ဂျွန်ဂယူကိုယ်တိုင်လည်း ဒီလိုလိုက်ပို့ပေးတာကိုသဘောကျပါသည်

ဖြတ်လျှောက်ကော်ရစ်တာကနေအခန်းထဲကို လှမ်းကြည့်မိတော့ ဂျီဟွန်းကရှိမနေ ကန်တင်းမှာဘဲဖြစ်နိုင်သည်

“ငိုက်မနေနဲ့နော် စာသေချာလိုက်ကြည့် စာမေးပွဲနီးနေပြီမလား”

“အွန်း”

ကလေးတစ်ယောက်လိုဘဲ ဂျွန်ဂယူကို ခေါင်းလေးစောင်း ပြီး ဂျွန်ဂယူမျက်နှာနဲ့ကွက်တိဖြစ်အောင် ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းခါ မှာနေတဲ့ ရူတိုက တခြားမိန်းကလေးတွေအမြင်မှာ သဘောကျစရာလေးဖြစ်လိမ့်မည်

ဂျွန်ဂယူကလည်း နှုတ်ခမ်းနှစ်ခုကိုတင်းတင်းစေ့ခါပြုံးရင်း အွန်း ဆိုတဲ့အသံလေးနဲ့ ခေါင်းငြိမ့်ပြသည်

“ကောင်းကောင်းနေခဲ့နော်”

“ဟုတ်ကဲ့ပါ”

“လိမ္မာတယ်”

ဂျွန်ဂယူဆံပင်အိအိလေးတွေကိုဖွရင်း မျက်လုံးအိမ်လေးတွေမှေးကျဉ်းသွားတဲ့အထိ ရူတိုပြုံးလို့နေသည်

“ဒါဆို ကိုယ်သွားပြီနော်”

“အွန်း ကောင်းကောင်းသွား ငါတို့ရူတို”

အသံထွက်တဲ့အထိရူတို ပြုံးမိသည်

“စိတ်ချမယ်နော် ကိုယ့်ကိုယ်လည်းစိတ်ချ”

“ဟုတ်”

ရူတိုကို တာ့တာ ပြလိုက်သော်လည်း ဂျွန်ဂယူကတော့ အခန်းထဲကိုမဝင်နိုင်သေး ရူတို မြင်ကွင်းကပျောက်သွားသည်အထိ ရပ်ကြည့်နေမိသည်

ကံကောင်းတယ်ပြောရမလား ဟိုအရှုပ်ထုတ်မ ရှိမနေတာ မဟုတိရင် ဘာပြဿနာလာရှာမလဲက မသိနိုင်ဘူး

ဒီနေ့စာသင်ချိန်မှာတော့ ဂျွန်ဂယူမငိုက်ခဲ့ပါ
ဟာရူတိုကဘဲ မှာခဲ့လို့လား သူကိုယ်တိုင်ကဘဲစာလိုချင်စိတ်ရှိနေလို့လားဆို‌တာတော့ ဂျွန်ဂယူဘဲသိပါလိမ့်မည်

Default Title - Spring DiaryWhere stories live. Discover now