10

409 61 3
                                    

JunKyu ကရှေ့ကလျှောက် Junghwan ကနောက်ကနေ ကတုပ်တုပ် တုပ်တုပ်နဲ့လိုက်လာသည် လက်မှာလည်း အထုပ်နှစ်ထုပ်ကဆွဲလို့

Hyunsuk အိမ်ရှေ့ရောက်တော့

"Hyunsukkie Hyung.....Choi Hyung"

"အသံကဆူးနေတာဘဲJunghwanရာ"

အိမ်ထဲဝင်လိုက်တော့ Hyunsukက ဧည့်ခန်းထဲမှာ Tv gameဆော့နေရာကနေ နောက်ပြန်လှည့်ကြည့်ပြီး

"အေး JunKyuလာ ဒါနဲ့ ဂျပန်သွားတာဆို"

"ဟုတ်တယ် Hyung မနေ့ကမှပြန်ရောက်တာ"

"ဒါကဘာတွေလဲ လက်ဆောင်လား"

JunKyuလက်ကို မျက်ဆာပစ်ပြပြီး မေးတော့

"ဟုတ်တယ် ဒါကHyungဖို့ "

Hyunsukနဲ့စကားကောင်းနေရာမှ ရုတ်တရက်Junghwanကိုသတိထားမိသွားပြီး

"Junghwannieဘယ်ရောက်သွားတာလဲ"

"မီးဖိုခန်းထဲ မုန့်ရှာနေမှာပေါ့ Junghwanna ရေခဲသေတ္တာထဲမှာ Donutတွေရှိတယ်နော်"

"Nae Hyung!!!!"

Hyunsukရဲ့အပြောကို မီးဖိုခန်းထဲကနေလှမ်းအော်ပြီး တုံ့ပြန်လာတဲ့Junghwan

Junghwanက တကယ်ချစ်မွေး JunKyuသူငယ်ချင်းတွေရဲ့အိမ်ကိုလည်း သူ့အိမ်သူယာလိုဘဲ ကြုံရင်ကြုံသလို မုန့်ရှာစားတတ်သည် JunKyuသူငယ်ချင်းတွေကလည်း Junghwanကိုဆို ညီလေးအရင်းလိုမျိုးချစ်ကြသည်

Jaehyukကတော့ ချွင်းချက်ပေါ့ သူကတော့ ချစ်ပေမယ့် Junghwanကိုဆို အမြဲ စ နောက်နေတတ်သည် ပြီးရင် Junghwanနဲ့တကျက်ကျက်သတ်တတ်တာကိုလည်း ပျော်နေတတ်တဲ့သူ

အဓိကပြဿနာက JaehyukkieကBaby songတွေ ဆိုတတ်တာပင် တခါကလည်း Baby Sharkသီချင်းကိုလုဆိုရာမှ Junghwanနဲ့Jaehyuk ထသတ်ကြတာ အဲ့ကတည်းက အခုချိန်ထိ တကျက်ကျက်

Hyunsukအိမ်ပြီးတော့ Yedamအိမ်ကို လက်ဆောင်ပေးရင်း လှည့်ဝင်ခဲ့သည် Junghwanကတော့ Yedamအိမ်ကလည်း မုန့်ရပြန်ပြီပေါ့လေ Yedam အိမ်ကပြန်လာတော့ နောက်ဆုံးကျန်တာ Jaehyukkieအိမ်

Jaehyukကတော့ အော်ခေါ်စရာပင်မလို ဘောလုံးဝတ်စုံကြီးဝတ်ပြီး ခြံထဲမှာ မြက်နှုတ်နေသည်

JunKyuကိုမြင်ခါမှာ JunKyuငါ့စီလာတာလားဆိုပြီး အပြုံးကြီးနဲ့ပြေးဖက်နှုတ်ဆက်လာသည်

Default Title - Spring DiaryWhere stories live. Discover now