16

436 65 28
                                    

ငြီးငွေ့ ဖို့ကောင်းအောင် ကြာရှည်လွန်းတဲ့ ကျောင်းပိတ်ရက်ရှည်တွေကိုဖြတ်သန်းလို့အပြီးမှာတော့ ဂျွန်ဂယူတို့ ဒုတိယ နှစ်ကို တက်ရတော့မည့်အချိန်ကိုရောက်လာခဲ့သည်

ဒီနှစ်တော့ မနှစ်ကလို ယောင်လည်လည် လေးတွေမဟုတ်တော့ဘဲ စီနီယာတွေဖြစ်ကုန်ပြီဆိုတော့ တည်ငြိမ်ကြသင့်ပြီ မဟုတ်လား
ဒီနှစ်လည်း မနှစ်ကလိုဘဲ ယဲဒမ်က ကျောင်းသားရေးရာ ခေါင်းဆောင် ဥက္ကဌ ပင်

မကြာခင် ဂျူနီယာလေးတွေ အတွက် Fresher Welcomeလုပ်ပေးရမည်ဆိုတော့ စီနီယာတွေအလုပ်များရလေပြီ ပိုပြီးအလုပ်ရှုပ်တာကတော့ ကျောင်းသားရေးရာက လူတွေပေါ့

ပုံမှန်ဒီချိန်ဆို ကျောင်းထဲ အတူလျှောက်သွားကြမှာပေမယ့် အခုကတော့ လူမစုံ
ယဲဒမ်ကလည်း ကျောင်းသားရေးရာဥက္ကဌ မို့ အလုပ်မအားသလို ဂျယ်ဟျော့ကလည်း မနှစ်က Kingဆိုတော့ ကျောင်းသားရေးရာမှာ ခုချိန်က သူ့နေရာချည်းဘဲဆိုတော့ အလုပ်မအား

Princeရတဲ့ ဟျွန်းဆော့ကတော့ ဂျူနီယာလေးတွေလာမှ သွားရမည်မို့ အခုချိန်အားနေတာ ဂျွန်ဂယူ နဲ့ ဟျွန်းဆော့ နှစ်ယောက်တည်း

ယိုရှိနဲ့ ဂျီဟွန်းကလည်း ဒီတစ်ပတ်ကျောင်းဖွင့်ရက်ပြီးမှ လာမည်ဆိုတော့ သူတို့နှစ်ယောက်တည်းဖြစ်နေတာမဆန်း

ဟျွန်းဆော့က ဂျွန်ဂယူတို့ထက်တစ်နှစိကြီးပေမယ့် အတန်းတူတာကြောင့် အရင်ကလည်း အစ်ကိုလို့မခေါ်တော့ဘဲ ရွယ်တူအနေနှင့်သာပေါင်းဖြစ်တော့သည်

စာသင်ချိန်လည်းမရှိတာနဲ့ ကျောင်းကန်တင်းမှာ နှစ်ယောက်သား သွားထိုင်ဖြစ်ကြသည်

“ဂျွန်ဂယူ မင်းတို့မေဂျာက အချောလေးတွေပေါသားဘဲ ”

“အေးဟုတ်ပါ့ ဒီနှစ်ရောက်လာတဲ့ကလေးတွေဆို ပိုတောင်ချောသေး”

“ဒီလောက်ချောတဲ့သူတွေများတာ မင်းဘာလို့ရည်းစားမရသလဲ နားကိုမလည်နိုင်ဘူး”

“မထားတာကွ ဟေ့ကောင်ရ အပူတွေ”

“အေးပါကွာ မင်းပြောထားအုံးပေါ့”

“အယ် မေးမယ် မေးမယ်နဲ့ မေ့နေတာ မင်း ယိုရှိနဲ့ တွဲနေတာလား”

Default Title - Spring DiaryWhere stories live. Discover now