23

460 73 17
                                    

စာမေးပွဲပြီးသွားကတည်းက ဂျွန်ဂယူ အိမ်ထဲကအိမ်ပြင်မထွက် အရင်တည်းက အပြင်ထွက်ရမှာ မကြိုက်တဲ့သူဖြစ်ပေမယ့်လည်း ရံဖန်ရံခါတော့ ဂျယ်ဟျော့အိမ်ကိုအလည်သွားတတ်သေးသည် အခုတော့ အရိပ်အယောင်တောင်မမြင်ရ

“ဂျွန်ဂယူ ရေ ဂျွန်ဂယူ”

ဂျယ်ဟျော့တစ်ယောက်အသံကုန်အောင် ‌အော်နေသော်လည်း ကင်မ်ဂျွန်ဂယူကတော့ထွက်မလာ

“ဘာဖြစ်နေလဲ သူများအိမ်ရှေ့ အော်ကျယ်ကျယ်နဲ့”

“ရားးးဂျောင်ဟွမ် ငါမင်းနဲ့ရန်မဖြစ်အားသေးဘူး ဂျွန်ဂယူ ရှိလား”

“ကိုကြီး မရှ်ိဘူး ဆိုင်သွားတယ်”

ဂျယ်ဟျော့က ဟုတ်လို့လားဆိုတဲ့အကြည့်နဲ့ မျက်လုံးစွေကာ ကြည့်တော့

“တကယ်ပါဆိုဗျာ အိမ်ဘယ်သူမှမရှိဘူး ကျွန်တော်တောင် အစ်ကိုဒိုဘီ ဆီသွားမလို့”

“ပြီးယော ပြီးယော ငါဆိုင်လိုက်သွားလိုက်အုံးမယ်”

“👌”

ပါးစပ်ကမဖြေဘဲ လက်ညိုးနဲ့လက်မ ထိစပ်ကာ ဂျောင်ဟွမ်က အိုခေဆိုတဲ့သဘောမျိုးဖြင့် လုပ်ပြသည်

အစကတည်းကဆိုင်ကို လိုက်သွားလိုက်ရင် တော်အုံးမယ် အခုတော့ ဒီလမ်းကို နှစ်ခါပြန်လျှောက်နေရလေပြီ

ဒါတောင် ဂျွန်ဂယူတို့ဆိုင်က လမ်းထိပ်မှာရှိနေလို့ တော်တော့သည်

“အန်ညော်ဟာဆယ်ယို အော်မော်နီး ဂျွန်ဂယူရှိလား ခင်ဗျ”

“ဪ ဂျယ်ဟျော့ ရှိတယ်သား အနောက်ထဲမှာ”

“ဟုတ် ဒါဆို သားသွားလိုက်အုံးမယ်နော်”

ဂျွန်ဂယူအမေဖြစ်သူကို နှုတ်ဆက်ပြီးနောက် ဂျွန်ဂယူရှိရာသို့ ဝင်လာခဲ့သည်

“ဂျွန်ဂယူ”

“ဪ ဂျယ်ဟျော့ ဘယ်လိုရောက်လာတာလဲ”

“ဒီတိုင်းဘဲ မင်းဆီလာခဲ့တာ မင်းဘာဖြစ်နေတာလဲ လိုင်းလည်းမတက်ဘူး ငါ့အိမ်လည်းမလာဘူး”

“ဒီတိုင်းမသုံးချင်တော့လို့ပါကွာ မဟုတ်လည်းစိတ်ရှုပ်စရာတွေဘဲ တွေ့နေရအုံးမယ်”

Default Title - Spring DiaryWhere stories live. Discover now