လည်သင့်သလောက်လည်ပြီးပြီဆိုတော့ မီအဲကိုပြန်ရတော့မည့်အချိန် ထည့်စရာရှိတာများထည့်ထုပ်ပိုးရင်း အလုပ်များနေကြသည်
ပြန်ရတော့မယ်ဆိုတော့ မျက်နှာမကောင်းဖြစ်ရသည်မှာ JunKyuပင် ကျန်သည့်သူများကတော့ ဘာနေနေ တွေ့ကြရအုံးမှာဘဲမဟုတ်လား JunKyuကသာ ဒီနေ့ မီအဲ နောက်နေ့ ကိုရီးယား ဆိုပြီး ဆက်တိုက်ပြန်ရမည့်သူ
မျက်နှာမကောင်းတာJunKyuတစ်ယောက်တည်းလားဆိုတော့ မဟုတ် အိမ်ကြီးရှင် Watanabe Harutoလည်းပါသည် JeongWooကတော့ Rutoက တစ်ယောက်တည်းကျန်ခဲ့တော့မှာကြောင့် စိတ်မကောင်းဖြစ်နေတယ်ထင်ကာ မီအဲကို မကြာခဏ လာဖို့ နှစ်သိမ့်နေရှာသည်
ပြန်ခါနီးကားပေါ်တက်တော့ JunKyuက Rutoကို သွားတော့မည်ဟုဆိုကာ အကြည့်ချင်းဆုံ၍ မျက်လုံးချင်းပြောခဲ့လိုက်သည် ရင်ထဲမကောင်းတာတော့ ကာယကံရှင်2ယောက်ကလွဲ၍ တခြားသူများမသိနိုင်
ဒီလိုဆိုတော့ Jihoonကိုအားကျရသည် ဘာဘဲဖြစ်ဖြစ် သူကတော့ Crushလေးနဲ့ အတူတူရှိနိုင်တာကြောင့်ပင်
ကားပေါ်ရောက်တော့ ပြတင်းပေါက်ဘက်ထိုင်တာကြောင့် မတ်တပ်ရပ်ကာ နှုတ်ဆက်နေသည့် Rutoကိုမြင်တော့ ငိုချင်စိတ်ကထိန်းမရ ဒီခံစားချက်ကအရမ်းဆိုးလွန်းသည်
အပြန်လမ်းက အလာတုန်းကနဲ့မတူ တိတ်ဆိတ်လို့နေသည် ကားထဲကလေထုထက် JunKyu ရင်ထဲက အခြေနေကပိုဆိုးနေသည်
ထုံးစံအတိုင်း အိပ်လိုက်လာမှဘဲသက်သာတော့မည် မအိပ်ခင် Ruto မသိအောင် ကူးယူလာတဲ့ ပုံလေးကိုကြည့်မိတော့လည်း အလွမ်းပိုရပြန်သည်
လေးရက်လောက်သာ တွေ့ရသေးသည့် လူတစ်ယောက်ကို ဘာလို့ အဲ့လောက်ထိရင်ထဲရောက်သွားမှန်း JunKyu နားမလည်ပါ
"ရေစက်မကုန်သေးရင် ပြန်တွေ့တာပေါ့ ရူတို"
-------------------------------------
တငြိမ့်ငြိမ့်မောင်းလာတဲ့ကားလေးက အလင်းရောင်တွေမရှိတော့သည့်အချိန်မှာဘဲ
မီအဲမြို့ သို့ရောက်ခဲ့သည်Jihoon အိမ်ရောက်တော့ Fukuoka က ပါလာတဲ့လက်ဆောင်တွေပေးပြီး Mashiကို သုံးယောက်သား လက်ဆောင်ထုပ်တွေနဲ့အတူ အိမ်ပြန်လိုက်ပို့ခဲ့ကြသည်
YOU ARE READING
Default Title - Spring Diary
خيال (فانتازيا)မြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...