ဒီရက်ပိုင်းတွေမှာ စာမေးပွဲရှိတာကြောင့်မအားသလို Third semester အတွက်လုံးပန်းနေရတာကြောင့် အရင်လိုပင်မတက်ကြွန်ိုင်ကြ
စာမေးပွဲပြီးရင် ဆေးရုံကို သွားပြီး လူနာများနှင့်တ်ိုက်ရိုက်ထိတွေ့ရမည်ဖြစ်သည်
စာမေးပွဲဖြေပြီး ချက်ချင်းဆိုသလို ဆေးရုံအတွက် dutyဆင်းရင် wardများ ခွဲချထားပေးသည့် အချိန်ဇယားက ထွက်လာလေသည်
ကံကောင်းစွာဖြင့် ဂျီဟွန်းနှင့် ဂျွန်ဂယူက roll no တစ်ခုဘဲခြားကာ surgical wardမှာ အတူကျလေတော့ ဂျီဟွန်းက သက်သာပြီဆိုကာ မြူးထူးလျှက်
'ငါတော့ ကင်မ်ဂျွန်ဂယူကို ခိုင်းစားလို့ရပြီ'
ဂျီဟွန်းက စနောက်တော့ ဂျွန်ဂယူက မျက်စောင်းထိုးသည်
ညနေduty offပြီး ဆေးရုံက ပြန်လာတော့
'ပထမဆုံးနေ့ဆိုတော့ ငါ့မှာအီစိမ့်နေတာဘဲ ထမင်းတောင်မစားချင်တော့ဘူး'
ဂျွန်ဂယူက ငြီးတွားသည်
'ဆေးနံ့ကြီးက မပျောက်ဘူးကွာ duty coat ကို သုံးရက်လောက်ရေစိမ်ပစ်ရမလားမသိပါဘူး'
'လုပ်လိုက်ဂျီဟွန်း ငါတော့ အမွှေးဆီထဲနှစ်ထားလိုက်ပြီ ရေချိုးတာတောင် ခန္ဓာက်ိုယ်မှာဆေးနံ့ကျန်နေတုန်း'
ဂျွန်ဂယူနှင့် ဂျီဟွန်းစကားပြောနေတုန်းမှာပင် ဂျွန်ဂယူ ဖုန်းသံကမြည်လာသည်
Contact nameက 'ဟာရူတို'
'အင်း ဟာရူတို ဘာလဲ'
'သူစိမ်းဆန်လိုက်တာ ဟာရူတိုလို့မခေါ်စမ်းပါနဲ့'
ဂျွန်ဂယူလက်တစ်ဖက်က ခေါင်းရေသုတ်နေသဖြင့် မအားဘဲ speakerဖွင့်ထားတာကြောင့် ဟာရူတ််ို
အသံက ဒီတိုင်းကြားနေရသည်
ဂျီဟွန်းကတော့ အလိုက်သိစွာဖြင့် ဖုန်းစကိုင်လိုက်တည်းက အခန်းပြင်ထွက်သွားပြီဖြစ်သည်
'ခဏ အောက်ဆင်းခဲ့'
'ဘာလဲ ပင်ပန်းလို့ အိပ်တော့မလို့ကို'
'ခဏလေးဘဲ'
'အွန်း'
ဂျွန်ဂယူ အောက်ရောက်တော့ ရှည်လျားသောအရပ်ကိုမှအားမနာ သစ်ပင်ကို ပျင်းရိစွာ ခန္ဓာကိုယ်တခြမ်းဖြင့်မှီထားသော ဟာရူတ်ိုကိုတွေ့သည် လက်ထဲမှာလည်း အိတ်လေးတစ်ခုဆွဲလို့
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
