ညနေဘက် Selection ပါတဲ့ကလေးတွေကို train ပေးဖို့ရှိတာမို့ ဟျွန်းဆော့ ကော ဂျယ်ဟျော့ကော ဂျီဟွန်းပါ မအားကြပေ
ယိုရှိကတော့ အိုဆာကာမှာ titleရခဲ့တဲ့သူမလို့ သူကူညီစရာရယ်လို့ မယ်မယ်ရရမရှိတာကြောင့် အဆောင်မှာဘဲကျန်ခဲ့သည်
ယဲဒမ်ကလည်း ဒီရက်ပိုင်းမအားမည်မှာ သေချာသလောက်မို့ ဒီရက်ပိုင်း အားနေတာ ဂျွန်ဂယူတစ်ယောက်တည်းပင်
မနက်ပိုင်းတော့ ဂျွန်ဂယူနဲ့ ယိုရှိ နှစ်ယောက်တည်း အဆောင်မှာ ကျန်ခဲ့တာကြောင့် အပြင်ထွက်မနေတော့ဘဲ ဂိမ်းကစားလိုက် အိပ်လိုက် စားလိုက်လုပ်နေကြသည်
တနေကုန်အိပ်လိုက် စားလိုက်နဲ့အချိန်တွေ ကုန်မှန်းမသိ ကုန်သွားလိုက်တာ ဂျယ်ဟျော့တို့ ပြန်လာသည်အထိ သူတို့ဂိမ်းဆော့နေတာ မပြီးသေး
ဒီညတော့ မအိပ်ချင်လည်း စောစော အိပ်မှဖြစ်မည် မနက်ဖြန် ကလေးတွေFresher welcome ရှိတာမို့ မသွားချင်ရင်တောင် အနည်းငယ်ဟန်ပြအဖြစ် ရှိနေပေးရမည်မလား ကိုယ်ကSeniorဆိုတော့လေ
ဂျယ်ဟျော့ကတော့ ဘာတွေယွစိထိုးနေတယ်မသိ ပျော်လို့မြူးလို့ အရင်က ငကဲဂျီဟွန်းတောင် သူလောက်မဆိုးဘူး
အရင်ကဆို ည ၂နာရီထိ ဆူညံနေတဲ့ ယောက်ျားလေးအဆောင် အခုတော့ ည 10 နာရီတည်းက တိတ်ဆိတ်လို့ အကုန်အိပ်မောကျနေလေပြီ
---------------------------------------------
နေမထွက်ခင်ကို ဆူညံနေချိန် အဆောင်မှာ အိပ်မောကျနေသူနှစ်ယောက်ကတော့ ဂျွန်ဂယူနဲ့ယဲဒမ်ပင်
ဆူညံနေတဲ့တရားခံကတော့ကျန်တဲ့4ယောက်ပေါ့
ဘာတွေများ ပျော်မြူးနေလို့လဲမသိဘူး အစောကြီးတည်းက ရေမိုးချိုးပြင်ဆင်နေကြတယ်
“ဘမ်ယဲဒမ် စက်တော်ခေါ်နေရာမှထသင့်ပါပြီ”
“ကင်ဂျွန်ဂယူ သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ”
ဂျီဟွန်းတစ်ယောက် မမောမပန်း နဲ့ မျက်နှာချင်းဆိုင် အခန်းနှစ်ခန်းကိုကူးသန်းပြီး နှိုးနေရှာသည်
“မင်းတို့ အခုချိန်မှာမှ မထရင် နောင်တကြီးစွာရ ရပါလိမ့်မယ်”
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...
