ချိန်းထားတဲ့ရက်ကို ရောက်တော့ ဂျွန်ဂယူ
စိတ်လှုပ်ရှားနေမိသည် တကယ်ဆို ဒီနေ့သာ အောင်အောင်မြင်မြင် ပြီးဆုံးသွားရင် သူနဲ့ ရူတိုအတွက်က တစ်ရက်စပြီမဟုတ်လားအတွေးနဲ့အတူ ပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့ဘဲလက်ထဲမှာစာအိတ်ပန်းရောင်လေးကိုင်ကာ ရူတိုအလာကို ပန်းခြံထဲက ခုံလေးမှာ ထိုင်စောင့်နေလိုက်သည်
ဒီနေ့မှ ဂျွန်ဂယူကဘဲ စိတ်လှုပ်ရှားပြီးထင်နေလို့လား ရာသီဥတုကဘဲအဲလိုဖြစ်နေတာလားမသိ
မိုးတွေအုံ့ပြီး ညနေ၄နာရီက အနည်းငယ်အုံ့မှိုင်းလို့နေသလိုတကယ်တော့ ရူတိုက ကျောင်းပိတ်တဲ့ရက်ဆို ညနေ၄နာရီတိုင်း ဂျွန်ဂယူတို့အဆောင်ကိုလာနေကြပင်
ဒီနေ့တော့ ၄နာရီခွဲတဲ့အထိပေါ်မလာသေး မိုးကလည်းရွာတော့မယ့် အရိပ်အယောင်ပြနေပြီ
အဖြေပေးမှာမလို့ ပြင်ဆင်နေတာများလားလို့
ဂျွန်ဂယူတွေးထားပေမယ့် မျှော်နေတဲ့သက်ဆိုင်သူကရောက်မလာဘဲ မမျှော်လင့်ထားတဲ့ မိုးစက်များကသာ ကျလို့လာသည်ဒါလည်း ပြန်ဖို့အတွေးမရှိသေးတာမို့ ပိုသည်းလာတဲ့ မိုးရေထဲမှာဘဲ ဆက်ထိုင်စောင့်နေသည်
၁နာရီခွဲကြာအောင် စောင့်ပြီးတဲ့အချိန်မှာတော့ မျှော်နေတဲ့သူကရောက်မလာတဲ့အပြင် မိုးစက်များကသာ ပိုသည်းထန်ပြီးကျလာသည်
ငိုနေတာကို လူမသိစေချင်တဲ့introvertတစ်ယောက်အဖို့ မိုးရေကသာ အကောင်းဆုံးအဖော်ဖြစ်ပါလိမ့်မည်
လွန်ခဲ့တဲ့၂နာရီက လက်ထဲမှာ ညင်သာစွာကိုင်ထားခဲ့တဲ့စာအိတ်လေးက အခုချိန်မှာတော့ စိတ်ဆိုးတာကော ချမ်းတာကော ကြောင့် လက်ထဲမှာ ဆုပ်ကိုင်မိတာ ကြေမွလို့နေလေပြီ
ဟူဒီပန်းရောင်လေးဝတ်ထားသော်ငြား ဒီမိုးဒီရေထဲမှာ အချမ်းဒဏ်ကိုတော့ အံမတုနိုင်
ဂျွန်ဂယူကိုယ်တိုင်လည်း မျက်စိရှေ့က အုတ်နီခဲလေးတွေကိုသာ မိုးစက်တွေကြားထဲကနေ အသိစိတ်လွတ်စွာ ကြည့်နေမိသည်
"မင်း အဲတာ ဘာလုပ်နေတာလဲ မိုးတွေရွာနေတာ ဘာကိစ္စပြန်မလာတာလဲ"
YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...