Junghwan တစ်ယောက် ကိုယ့်အခန်းကိုမပြန်ဘဲ JunKyu အခန်းထဲတင် ဟိုဖွဒီဖွလုပ်နေပြီး အခုတော့ ပင်ပန်းသွားလို့ထင် အိပ်နေမှ သိုးလို့
JunKyu ကတော့ Junghwanဖွထားတဲ့ ပစ္စည်းတွေကို ပြန်သိမ်းနေရသည် ပြီးတော့အကြည့်ရောက်သွားသည်က မြတ်နိုးရသူကပေးတဲ့ တန်ဖိုးအထားရဆုံးလက်ဆောင် တစ်နည်းအားဖြင့် မြက်ခြောက်ကလေးနဲ့စည်းလို့ထားတဲ့ Dandelion ပန်းစီးခြောက်လေး
အသာအယာလေးကိုင်ပြီး စားပွဲပေါ်တင်ထားလိုက်သည် နောက်နေ့မှ အလှပလက်စတစ်လေးဝယ်က ပတ်ထားရမည်
ပစ္စည်းတွေ သူ့နေရာနဲ့သူ ထားပြီးတော့ JunKyu စာရေးစားပွဲရှေ့ထိုင်ကာ To do list ရေးနေသည်
မနက်ဖြန်အတွက် To do list ရဲ့ထိပ်ဆုံး အချက်ကတော့ မြတ်နိုးရသူနဲ့တွဲရိုက်ထားတဲ့Selca ကို ပုံထုတ်ပြီး frame နဲ့ထားရဖို့ပင်ဖြစ်သည်Soloပုံကိုတော့ wallpaper အဖြစ်ထားဖို့စိတ်ကူးသည် တကယ်တော့ JunKyu ဖုန်းကို privacy လေးစားသောအားဖြင့် ဘယ်သူကမှဝင်မကြည့်နိုင်တာကြောင့်ပင်
ပုံကိုကြည့်တော့ JunKyu ပြုံးမိပြန်သည်
"ဘာလို့ အဲ့လောက်တောင် ပြုစားရက်နိုင်ရတာလဲ?"
ခပ်တိုးတိုးလေး ရေရွတ်ပြီး ထပ်ပြုံးမိပြန်သည်
ဒီနေ့အတွက် ဒီပုံကိုကြည့်ပြီး JunKyu ပြုံးနေသည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့
ဘေးလူက ကြည့်လျှင် JunKyu ရူးသွားတာလားထင်ကောင်းထင်နိုင်သည်"ဒီနေ့ည အတွက်တော့ဒီလောက်ပါဘဲ"
"Good Night ကောင်းကောင်းအိပ်နော် အိပ်မက်ထဲမှာတွေ့မယ် ငါ့ရဲ့နွေရာသီလေး"××××××××××
အဖြူရောင် ရှပ်လက်ရှည်လေးနှင့် သိပ်ကိုလှလွန်းသည် ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ပြောလို့ရလားတော့မသိပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့ယောက်ျားကတော့ Handsome ဖြစ်တာကော လှတာကော ပေါင်းစပ်လို့နေသည်
6ပေ ကျော်သောအရပ် ဖြူဖွေးသော အသားအရေ ကြည့်ကောင်းသော ခန္ဓာကိုယ် လေတိုက်ရာလမ်းကြောင်းအတိုင်းလွင့်နေသော အဝတ်အစား နှင့် နူးညံ့သော ဆံပင်တို့မှာ လှပခြင်းတွေကို details ကျကျ စုစည်းထားသော ပန်းချီကားတစ်ချပ်အလား

YOU ARE READING
Default Title - Spring Diary
Fantasyမြတ်နိုးရတဲ့ OTPတွေကို စိတ်ခံစားချက်အပြည့်ဖြင့် မြတ်နိုးစွာ ရေးသားထားခြင်းဖြစ်ပါသည် Fiction ကို Fiction အဖြစ်ဘဲ ဖတ်စေချင်ပါသည် သူငယ်ချင်း အချင်းချင်း ပြောဆိုတဲ့အခါ ရေးသားတဲ့ အခေါ်အဝေါ် အသုံးအနှုံးတွေက idol imageဖြင့် မကိုက်ညီတာက normal lifeက အရမ်းရင...