ဟန်သာ

26.5K 451 109
                                    


ပြာလဲ့လဲ့ရေပြင်ကိုငေးစိုက်ရင်း ဟန်သာထူးကြည်
သည် Diving Board ပေါ်သို့ ယုံကြည်မှုရှိရှိခြေလှမ်းလှမ်းလိုက်သည်။

သူ့လက်တံရှည်တွေကိုခြေထောက်နဲ့ထိလုလုနီးနီးထိရောက်အောင်ခန္ဓာကိုယ်ကိုကိုင်းညွတ်လိုက်ရင်း
Diving ထိုးရန်အသင့်အနေအထားကိုပြင်ဆင်လိုက်သည်။

ခပ်လှမ်းလှမ်းမှမိန်းကလေးတချို့ရဲ့အော်ဟစ်အားပေးသံသဲ့သဲ့ကြောင့်
ဟန်သာထူးကြည် ​၏မျက်နှာပေါ်တွင်အလိုတကျအပြုံးရိပ်တချို့ဖြတ်ပြေးသွားရတော့သည်။

ရေကူးကန်တစ်ခုလုံးသူ့နာမည်တစ်ခုသာပဲ့တင်လျက်
ဒီလိုပဲဖြစ်ရမယ်လေ ဟန်သာထူးကြည်ဆိုတာအရာရာမှာထိပ်ဆုံးမရောက်ရင်နေမထိထိုင်မသာဖြစ်တက်သည့်အကျင့်ရှိသူ

သူ့ကိုယ်သူ
အကောင်းဆုံး
အတော်ဆုံး
ထိပ်ဆုံး နဲ့ထိုက်တန်သူဟုယူဆပြီး
အရာရာမှာရှေ့ဆုံးရောက်နေကာမှသဘောကျသည်။

အသက်ကိုဝဝရှူသွင်းကာ ဝစီသံကိုနားစွင့်နေခဲ့ရင်း
မီတာ ၅၀ အကွာအဝေးထိသက်လုံကောင်းကောင်းကူးခပ်နိုင်ဖို့အတွက် အာရုံစိုက်လိုက်တော့သည်။

" ရွှီ....."

ဝစီသံကြားကြားပြီးချင်း ဟန်သာထူးကြည်သည်
အော်ဟစ်အားပေးနေသောကလေးမတွေဘက်ကို ပါးချိုင့်တွေခွက်ဝင်သွားသည်အထိလှည့်ကာပြုံးပြလိုက်သည်။

ထို့နောက်ရေပြင်ထဲကို သူ့ခန္ဓာကိုယ်အား Diving ထိုးချကာစတင်ကူးခတ်တော့သည်။

50 m ရှည်လျားသည့်ရေပြင်ကျယ်ကြီးကို မြုပ်လိုက်ပေါ်လိုက်ကူးခပ်ရင်း အသက်ကိုခိုးရှူရသည်

" ဟန်သာထူးကြည်... ဟန်သာထူးကြည်"

နားထဲမှာတချက်တချက်ကြားရသော အားပေးသံတွေကြား သူ့ခြေထောက်တွေလက်တွေဟာတစ်ခုမှမနားမနေအလုပ်လုပ်နေသည်။

187 cm လောက်ရှည်သည့်သူ့အရပ်သည် ရေကူးရာတွင်သူများထက်ရှေ့ရောက်အောင်တွန်းအားပေးသည်။

"လက်ကိုအရှိန်မြင့်ခတ်တော့"

​ခုန်ချပြီးပြီးချင်း ငါးလေးတစ်ကောင်လို ခြေထောက်တွေနဲ့ အရှိန်ယူနေရာမှ

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Opowieści tętniące życiem. Odkryj je teraz