ဖြေစရာမလိုတဲ့အမေး

6.8K 317 147
                                    

ကဗျာနွေတစ်ယောက်တည်း
ဆေးရုံရှေ့တွင်ရစ်သီရစ်သီလျောက်နေပေမဲ့
အထဲတော့မဝင်ရဲပါ...

သူမကိုယ်သူမပြတ်သားလှပြီထင်နေမိပေမဲ့
အခုတော့လည်းမျက်ရည်နဲ့မျက်ခွက်ဖြစ်သည်။

"အာ...Message တွေအများကြီးပို့ထားတာပဲ"

ignore chat ထဲမှ ဟန်သာပို့ထားခဲ့တဲ့ message တွေသည် အခုအချိန်မှာတော့သူမကိုအတော်လေးနာကျင်စေမိပါသည်။

အကြိမ်ပေါင်းများစွာချစ်တယ်လို့ပြောထားတဲ့ message တွေကို ကဗျာသည် မျက်ရည်တွေနဲ့ဝေဝါးစွာကြည့်နေမိသည်။

" မင်းက ကဗျာနွေလား"

နောက်ကခေါ်တဲ့အသံကြောင့်
ကဗျာဖျတ်ခနဲလှည့်ကြည့်လိုက်တော့
ဟန်သာ့​၏နည်းပြဆရာကိုညီညီအောင်ကိုတွေ့လိုက်ရသည်။

အမောတကောပြေးလာဟန်တူပြီး ကိုညီညီအောင်​၏အင်္ကျီတစ်ထည်လုံးလည်း သွေးတွေစွန်းပေလျက်ရှိသည်။

" ရှင်... ဘယ်လိုလုပ်"

"မင်းကိုရှာရတာမောလိုက်တာ
မင်းက AB minus သွေးမလား
တစ်ကျောင်းလုံးမှာ မင်းပဲသူနဲ့
သွေးအမျိုးစားတူတာရှိတယ်
ဟန်သာ့အတွက်သွေးလှူပေးနိုင်မလား"

ကဗျာသည် သွေးမကလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြတ်တောက်ပေးပါဆိုရင်တောင် ယူသွားပါဟုပြောမည့်သူဖြစ်သည်။

"ကျေးဇူးပြုပြီးကူညီပါကွာ"

" ကဗျာလှူပေးပါ့မယ်...ဒါပေမဲ့"

စကားပင်မဆုံးသေး ကိုညီညီအောင်သည်သူမကိုလာဆွဲတာမို့ ကဗျာသည် တန်းလန်းတန်းလန်းနဲ့ပါသွားရတော့သည်။

" ဟန်သာရောသတိရပြီလားဟင်"

ငိုရှိုက်သံတချို့နဲ့ရောရင်း ကဗျာမေးတော့ ကိုညီညီအောင်ဟာ သူမကိုခေါင်းခါပြသည်။

ကဗျာသည် မရှက်နိုင်တော့ပဲ မျက်ရည်တွေမထိန်းနိုင်အောင်စီးကျမိတော့သည်။

" ဟန်သာ... ဘာမှ မဖြစ်နိုင်ပါဘူးနော်အကို"

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now