ဝေးသွားပြီးသော ၁

6.8K 243 114
                                    



ဒီနေ့ဟာ သူမနဲ့ အဆက်သွယ်ပြတ်သွားခဲ့တာ ၁ ပတ်တိတိရှိပြီဖြစ်သည်

" အခုကျဘာလို့ အရင်စံချိန်ကိုမမှီတော့တာလဲ
အသည်းကွဲနေပြန်ပြီလား"

ကိုညီညီအောင်သည် ရေကူးကန်တွင် ပက်လက်လန်ကာ ကိုယ်ဖော့ထားသော ဟန်သာ့အားလှမ်းမေးသည်။

" ဒီတစ်ခါက အသည်းကွဲတာမဟုတ်ဘူး
လူတစ်ယောက်ပြန်လာမဲ့အချိန်ကိုမျှော်လင့်နေတာ"

" မင်းဟာအဆန်းပါလား"

" ဟုတ်တယ် ကျွန်တော့်ရဲ့နှလုံးသားလမ်းကြောင်းကကျွန်းမဟုတ်ဘူး
အာရှတိုက်ကြီးခံနေသလိုပဲ"

ပါးစပ်ကပြောရင်း လေ့ကျင့်ကွင်းထဲကို နေရှင်းသန့်ရောက်လာတာမို့ ဟန်သာထူးကြည်သည်အရယ်အပြုံးတွေရပ်တန့်ကာ ချက်ချင်းတည်သွားပါတော့သည်။

ပြိုင်ပွဲကာလကပ်နေပြီဖြစ်တာမို့ နည်းပြတွေဟာ သူနှင့်အတူ နေရှင်းသန့်ကိုပါခေါ်ထားပုံပင်

ဂျပန်ထိသွားပြိုင်ရမည့် Olympic ပြိုင်ပွဲအတွက်အခုကတည်းက camp သွင်းလေ့ကျင့်ရမှာမို့
သူတို့နှစ်ယောက်လုံးရန်ကုန်ကိုပြန်လာခဲ့ရတာဖြစ်သည်။

နေရှင်းသန့်သည် သူ့အားအရင်ပုံစံအတိုင်း ဆက်ဆံပေမဲ့ သူ့ဘက်က သိသိသာသာဆက်ဆံရေးတွေကျဲတောက်နေခဲ့သည်။

" မင်းဘာဖြစ်နေတာလဲ"

ခုံတန်းရှည်မှာထိုင်ရင်း ရေကူးဦးထုပ်ကိုချွတ်နေသော ဟန်သာထူးကြည်သည် အနောက်မှာကြားလိုက်ရသော အသံကိုကြားပေမဲ့ ပြန်မဖြေပါ

" ကဗျာမေ ကိစ္စနဲ့ ငါကိုစိတ်ဆိုးနေတာလား"

နေရှင်းသန့်ပုံစံဟာ သူ့ကိုရိနေသလိုပင်

ဟန်သာသည် စကားတစ်ခွန်းမှမပြောပဲ သိမ်းစရာရှိတဲ့ ပစ္စည်းကိုသာသိမ်းနေခဲ့သည်

" ငါမေးတာဘာလို့မဖြေရဲတာလဲ"

နောက်ထပ်မေးခွန်းထုတ်လိုက်တဲ့ နေရှင်းသန့်ကြောင့် ဟန်သာသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းနောက်လှည့်လာကာ
နေရှင်းသန့်၏မျက်နှာအား ဆွဲထိုးပါတော့သည်

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Donde viven las historias. Descúbrelo ahora