တွယ်စရာမရှိ

6.1K 249 126
                                        

ကတ္တရာလမ်းပေါ်က လှစ်လှစ်မြည်အောင်
ကဆုန်ဆိုင်းမောင်းလာသည့် Benz ကားငွေမျှင်ရောင်လေးသည် ခြံထဲကို ဝူးခနဲမောင်းဝင်လာခဲ့သည်။

" ဟေ့ကောင်
ကားကိုဘယ်လိုမောင်းဝင်လာတာလဲ"

ဦးခန့်ထူးကြည်သည်ညကြီးမင်းကြီး ခြံထဲကိုဝုန်းဒိုင်းကြဲမောင်းဝင်လာသော သားဖြစ်သူကြောင့် ဝရံတာမှာဆေးလိပ်သောက်နေရာမှ လှမ်းအော်လိုက်သည်။

သူ့အားပြန်မကြည့်ပဲ အိမ်ထဲကို ကမူးရှူးတိုးဝင်လာသောသားဖြစ်သူကြောင့် ဦးခန့်ထူးကြည် ထိပ်ခနဲစိတ်ပူသွားသည်

" ဘယ်မှာလဲ စောက်ကောင်မ"

ဝုန်းဒိုင်းကြဲအရာအားလုံးကိုပစ်ခွဲနေသော သားဖြစ်သူကို ဦးခန့်ထူးကြည် ရပ်ကြည့်နေပါသည်။

သားက သူနဲ့တူသည်
ဒေါသဖြစ်လျင် ဘာမှမမြင်တက်
ပစ္စည်းတွေဖောက်ကွဲပြီးလျှင် အနည်းငယ် စိတ်ပြေသွားမယ်ဆိုတာကိုကြိုသိနေတာမို့ ရပ်စောင့်နေတာဖြစ်သည်။

" အဖေ့မိန်းမဘာတွေမွှေသွားလဲသိလား"

"သူအိမ်မှာမရှိဘူး"

" ဘာ...!"

ဒီမိန်းမက ကော်နဲ့ ကော်ထုပ်တောင်ထွက်သွားမဲ့ မိန်းမမျိုးမဟုတ် အခုလိုသူလာသောင်းကြမ်းမှာသိလို့ ကြိုရှောင်နေတာဖြစ်မည်။
ဒီမိန်းမလည်တော့လည်သည် တစ်ပတ်တော့မပြည့်ပါ။

" သူနဲ့ ကျွန်တော်စာရင်းရှင်းရမယ်"

ဟန်သာထူးကြည်ရဲ့မရှင်းတရှင်းစကားကို အဖေဟာ စေ့စေ့ကြည့်ကာအကဲခတ်နေခဲ့သည်။

" ငါခရီးသွားတုန်း
မင်းငါ့မိန်းမကိုဘာတွေလုပ်ခဲ့လဲ"

တစ်လုံးချင်းမေးလိုက်တဲ့အဖေ့စကားသည် တစ်ဖက်သက်ဆန်လွန်းလှသည်။

" ငါ ကလျာ့ဆီကအကုန်ကြားပြီးပြီ
မင်းငါ့မိန်းမကိုကျူးလွန်ခဲ့တာတွေစော်ကားတာတွေများနေပြီ"

" ဘယ်လို"

ခံပြင်းဒေါသတွေနဲ့အတူ လည်ချောင်းထဲမှာခြစ်ခြစ်ပူအောင်ခံရခက်သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Место, где живут истории. Откройте их для себя