ဆိုင်ကယ်စီးသူကြီး

5.5K 233 134
                                    


" နွေလေး ရှေ့အကွေနားရောက်ရင်
ကိုကို့ကိုလမ်းမပေါ်မှာတင်ချပေးလိုက်တော့
ကိုကိုတောင်ပေါ်ကိုလမ်းလျောက်တက်တော့မယ်"

ကိုကိုသည် ပြင်ဦးလွင်အတက်လမ်းကိုလမ်းလျောက်တက်တော့မည်ပြောတာမို့ ကဗျာနွေအသံထွက်ရယ်မိပါသည်။

ဟန်သာထူးကြည်သည် တခြားဟာတွေမကြောက်တက်ပေမဲ့ ဆိုင်ကယ်မှောက်သေမှာတော့အလွန်ကြောက်သည်။

တဖြည်းဖြည်းအတက်ကြမ်းလာသည့်တောင်တက်လမ်းတွင် ဆိုင်ကယ်သေးသေးလေးသည် မနိုင်ဝန်ထမ်းကာတက်နေရသည်။

" နွေလေးကိုယုံပါကိုကိုရဲ့ "

နွေလေးပြောတော့ ကိုကိုသည် သူမခါးကိုပိုမိုတင်းကျပ်စွာဖက်ထားပါသည်။

ကိုကို့မေးချွန်ချွန်တို့သည် နွေလေး၏ပခုံးသားတွေအပေါ်နစ်ဝင်နေခဲ့သည်။

ကိုကိုကတဖန်ပြန်ချွဲနေသောဒီအခိုက်အတန့်သည် ကဗျာနွေအတွက် positive energy တွေရရှိလိုက်သလိုခံစားလိုက်ရပြီးလောကကြီးတစ်ခုလုံးလှပနေပါတော့သည်။

နွေဦးမို့လမ်းဘေးဝဲရာက သစ်ပင်ခြောက်တွေသည် အညိုလိုလိုအဝါလိုလို နှင့်အတန်းလိုက်ပေါက်ကာ သိပ်လှနေပါသည်။

ခပ်လှမ်းလှမ်းမှ စိန်ပန်းပြာတွေကျဲနေတဲ့
လမ်းပြာပြာတွေနားရောက်တော့ ကဗျာနွေသည် ရှက်ရှက်နဲ့မရဲတရဲသီချင်းဆိုသည်။

ဆိုသည့်သီချင်းသည် " တစိမ့်စိမ့်ရင်ထဲမယ်" သီချင်းဖြစ်တာမို့ ဘာရယ်မဟုတ်ဟန်သာပါဆွေးသွားရပါသည်

"
ချစ်သူမျက်နှာ

အိပ်စက်တဲ့အခါ
တရိပ်ရိပ်စိုက်လို့ကြည့်ရင်း
သူ့ရဲ့ရင်ခွင် ချမ်းမြေ့သွားလို့
ပန်းသမျှခြေရာ
အနွမ်းတွေလွင့်ပျယ်ပါစေကွယ်...

အိုး ရင်ထဲကနွေ

အိုး စိတ်ကူးတဲ့နွေ
တစ်စိမ့်စိမ့်ရင်ထဲ
တငွေ့ငွေ့ခံစားလို့နေ"

အနောက်မှမြင်နေရသည့် ဂုတ်ပိုးဖြူဖြူလေးတွေ
ကြားနေရတဲ့သီချင်းသံချိုချိုလေးတွေ
Handle ကို သေချာကိုင်ထားတဲ့ လက်ဖောင်းဖောင်းလေးတွေ
ကဗျာ့၏ every inches တိုင်း centimeter တိုင်းကိုသူတိတ်တခိုးမြတ်နိုးနေမိပါသည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Tempat cerita menjadi hidup. Temukan sekarang