First Kiss

7.1K 286 133
                                    


" ဒါနဲ့မင်းက ဒီအချိန်ကြီးအိမ်ပြန်မလို့လား"

kitchen မီးကိုပိတ်ပြီးနောက်မှ
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်
ကဗျာတစ်ယောက်ထိတ်ခနဲဖြစ်သွားရသည်။

တကယ်ဆို Duty က ၉ နာရီခွဲဖြစ်သော်လည်း
ဟန်သာ မိုင်လိုနဲ့ ပေါင်မုန့်မီးကင်ပူဆာသည့်ကိစ္စကြောင့် ၁၁ နာရီထိုးသွားပြီဖြစ်သည်။

" ဟုတ်"

မီးရောင်သည် ဟန်သာ​၏နောက်ကျောဘက်
လင်းနေတာမို့
ဟန်သာ့မျက်နှာကိုတော့ကောင်းကောင်းမမြင်ရပါ။

သို့သော်လည်း ဖွေးဖွေးလှုပ်နေသည့် ဆွယ်တာ အင်္ကျီလက်ရှည်ကို ဘောင်းဘီအပျော့သားမီးခိုးရောင်ဖျော့ဖျော့နဲ့ ဝတ်ထားသောဟန်သာ့​၏ ကိုယ်နေဟန်ထားကို သေချာမြင်နေရသည်။

တစ်ခါမှမမြင်ဖူးသည့်ပုံစံနဲ့မို့
ကဗျာသည် ဟန်သာ့ကိုတစ်အိမ်တည်းတူတူနေသည့်ကိုယ့်ယောကျာ်း တစ်ယောက်လိုပင်ခံစားလိုက်ရသည်။

" ငါလိုက်ပို့ပေးရမလား"

နံရံကိုခပ်ရို့ရို့မှီထားသော ဟန်သာသည်
တံခါးဝမှာထွက်ခွာမည်အပြု
သူမရှေ့မှာ ပိတ်ရပ်လိုက်ပြန်သည်။

ဒီတစ်ကြိမ်တော့ဟန်သာ့ပုံသည်
သူမကိုအနိုင်ကျင့်မဲ့ပုံတော့မပေါ်ပါ

" အာ...... ရပါတယ် ကျွန်မ ကိုယ့်ဘာသာကိုယ်"

အထစ်ထစ်အငေါ့ငေါ့ပြောပေမဲ့
ဟန်သာ့ကိုရဲရဲမကြည့်ရဲပါ

" ဘာလဲ မင်းကငါ့ကိုတော်လှန်တာလား"

ဟန်သာသည် သူမဆံပင်လေးများလှုပ်ခါသွားသည့်တိုင်အောင်လေပူတစ်ချက်မှုတ်ကာပြောသည်။

" ငါလိုက်ပို့မယ်...လာ"

အေးစက်မာကြောနေသောဟန်သာသည်
သရဲများဝင်ပူးသွားသလားအောင့်မေ့ရသည်။

သူမလက်ကို ပိုင်စိုးပိုင်နင်းဆွဲခေါ်ကာ
ကား ပါကင်ရှေ့ကိုထွက်လာသည်။

ကဗျာသည် လက်ဖျားတွေအေးစက်ထုံကျဉ်ပြီး
အဖြစ်အပျက်တစ်ခုလုံးကို အိပ်မက်မက်နေသလားလို့ပင်
ကိုယ့်ကိုယ်ကိုယ်ပင်ထင်မှတ်မှားမိနေတော့သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now