" မေမေရဲ့...သားနိုင်တယ်
မေမေရေ...ရင်ဆိုင်ပွဲတိုင်း
မေမေ့ရဲ့...သားနိုင်တယ်
အန္တရာယ်တွေရင်ဆိုင်နွှဲတိုင်း"
စောနကထိစောက်ခွက်ရိုက်မယ်ဟုအချင်းချင်းကြိမ်းဝါးနေသော နှစ်ကောင်သား
အခုတော့မိုက်လုကာKTV ထဲတွင်ဆူညံနေသည်ထိအပြတ်ဟဲနေပြန်သည်။
ရေကူးသမားတွေချည်းပဲသီးသန့်လုပ်သောပါတီပွဲမို့ ကဗျာနွေအတွက်တော့အားလုံးနဲ့မျက်နှာတော်တော်စိမ်းပါသည်။
ဒီကြားထဲကိုကိုသည် နေရှင်းသန့်နှင့်ပြိုင်ကာ vodka ကိုပုလင်းဝက်လောက်ထိသောက်ထားတာမို့
ဆိုဖာမှာထိုင်ရင်းပင်ရင်တမမကြည့်နေမိပါသည်။
ကိုကိုအတင်းခေါ်လို့သာလိုက်လာခဲ့ပေမဲ့ကဗျာနွေဟာအခုတော့ကလေးလိုက်ထိန်းတဲ့ အမေကြီးလိုပင်။
ကိုကိုအသံသည် တော်တော်ကိုကီးမတည့်တဲ့အသံပိုင်ရှင်မျိုးဖြစ်သည်။
ဒါကြောင့်မို့နွေလေးသီချင်းဆိုပြပါဟုပြောလျှင် မဆိုဘူးဟု ဘူးခံငြင်းသမျှ အရက်မူးတော့ ကျွဲခိုးပေါ်သလို ကီးကြောင်သံတွေပေါ်လာပါတော့သည်။
သီချင်းဆိုထပ်ပြိုင်ကြမည်ဟုဆို
သူ မသာကိုယ်အသုဘ ဆိုးရွားလှသောအသံတွေနဲ့အားလုံးကိုအလုံပိတ်အခန်းထဲတွင်ပိတ်ကာ နှစ်ယောက်သားနားဒုက္ခပေးပါတော့သည်။
အသံမတည့်သည့်နှစ်ယောက်ပေါင်းကာဆိုနေသည်များဦးညီထွဋ်ကြားလျှင်သက်သေချင်စိတ်အတောင့်လိုက်ပေါက်သွားစေနိုင်လောက်သည်။
" တော်ကြပါတော့ဟ"
အားလုံးအော်ကာဆန္ဒပြမှ နှစ်ယောက်သားရပ်သွားသည်။
ပြုံးစိစိနဲ့ ဟန်သာသည် ကဗျာ့ ပေါင်ပေါ်လှဲချလိုက်သည်
" ဘာလဲအရက်သမား"
ကဗျာနွေသည် ကိုကို့ ၏နှာခေါင်းတွေကိုဆွဲညှစ်လိုက်သည်။
ကိုကိုကတော့နာလို့နာမှန်းမသိအောင်
သူမရဲ့ ပေါင်ပေါ်မှာမျက်လုံးတွေမှေးစင်းရင်း
တိုက်ပွဲကျသွားခဲ့သည်။
ВЫ ЧИТАЕТЕ
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Фэнтезиရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...
