ပြိုင်ပွဲ

7.6K 324 135
                                        


ဖျောက်တောက် ဖျောက်တောက်ကျနေသော
ရေပန်းအောက်တွင် ဟန်သာထူးကြည်သည်ခြေစုံရပ်နေမိတာအချိန်အတော်ကြာပြီဖြစ်သည်။

ရေချိုးခန်းတံခါးကိုတစ်စုံတစ်ယောက်ကခပ်ကြမ်းကြမ်းလာခေါက်မှသာ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားရပါသည်။

" ဟန်သာ မင်းအခုထိအဲ့ဒီ့အထဲမှာပဲလား
ပြိုင်ပွဲကနောက်နာရီဝက်လောက်ဆိုစတော့မှာနော်"

အပြင်ကခေါ်နေသူမှာ
ဟန်သာထူးကြည် ​၏ ပင်တိုင်နည်းပြ ကိုညီညီအောင်ဖြစ်သည်။

" အင်း ကျွန်တော်သိတယ်"

ပါးစပ်ကသာ ကျွန်တော်သိတယ်ဟုဖြေလိုက်သည် ဟန်သာထူးကြည်​၏မျက်လုံးကတော့
ရေချိုးခန်းနံရံဖြူဖြူဆီငေးစိုက်နေဆဲပင်...

ဖြစ်ခဲ့သမျှအရာရာတိုင်းကိုပိတ်ကားတစ်ချပ်ပေါ်က ရုပ်ရှင်ဟောင်းတစ်ခုလို မြင်ယောင်နေမိရင်း
ပြန်တွေးလိုက် ပြန်နာကျင်လိုက်နှင့်စိတ်နဲ့ကိုယ်နဲ့မကပ်တာအတော်ကြာပြီဖြစ်သည်။

ရေထဲမှာရပ်နေတာကြာလွန်းလို့
ပဲကြီးရေတွန့်စပြုနေတဲ့ လက်အစုံသည်
ဘာအပြစ်မှမရှိသော ရေပန်းခလုပ်ကို သာ အားရပါးရ ထုချလိုက်သည်။

" Fuck တစ်လောကလုံး စောက်တလွဲ"
ခပ်တိုးတိုးဆဲဆိုရင်း

​အပြင်ထွက်ထွက်လာချင်းချင်းပင်
ခုံပေါ်မှာထောင်ထားသောရေဗူးကို
တရစပ်မော့ချလိုက်သည်။

ရေချိုးခန်းထဲမှာ တစ်နာရီလောက်ကြာသည်ထိရပ်နေသည့် ဟန်သာသည် နွေလည်ခေါင် လမ်းလည်ခေါင်မှပြေးလာသောလူလိုပင် ရေတွေဆာနေခဲ့သည်။

ထို့နောက်
ခေါင်းကစိုလက်စဆံပင်တွေကို
Swimming cap မဆောင်းပဲ
ရေကူးအင်္ကျီအမဲကိုသာ ခပ်မြန်မြန်စွပ်နေခဲ့သည်။

" ကျစ် ဒီအင်္ကျီကတမျိုး"

ဝတ်နေရင်းလိပ်တက်နေတဲ့ အင်္ကျီသည် အတည့်လားပြောင်းပြန်လားမသိတော့လောက်အောင် ဆင်ခြင်နိုင်စွမ်းစတင်မဲ့လာခဲ့သည်။

အခုလောလောဆယ်ဦးနှောက်ထဲအသည်းအသန်
တွေးနေမိတာက
ကဗျာကဘာလို့ သူပို့တဲ့ message  တွေ seen မပြလဲဆိုတာဖြစ်သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Où les histoires vivent. Découvrez maintenant