2020 Septemberပန်းတွေဝေနေသောမင်္ဂလာခန်းမတစ်ခု
လူအနည်းငယ် နှင့်ကျင်းပခဲ့သည့်ပွဲဖြစ်ပေမဲ့ ထိုမင်္ဂလာပွဲတွင် မဖိတ်ခေါ်ထားသောလူတစ်ယောက်ရှိနေခဲ့သည်။
ထိုလူသည် အသက်မပါတဲ့မျက်လုံးတွေနဲ့ stage စင်ပေါ်ကအရာအားလုံးကိုငေးစိုက်ကြည့်နေခဲ့သည်။
အရာရာလှလှပပကြီးပျက်စီးတော့မဲ့မြင်ကွင်းအား ဧည့်ပရိတ်သက်တွေမြင်အောင်သူက ဗီလိန်လုပ်ရမှာမဟုတ်လား....?
တွေးကြည့်ရင်ပျော်စရာတော့ကောင်းသား
" သတို့သားကသတို့သမီးကိုလင့်ဝတ္တရားနှင့်အညီသက်ဆုံးတိုင်ပေါင်းသင်းပါမည်လော"
ဟိန်းခနဲ အသံကျယ်ကျယ်ထွက်လာသည့် ဓမ္မဟောဆရာ၏အသံသည် ခန်းမတစ်ခုလုံးကိုလွှမ်းခြုံနိုင်လောက်သည်ထိဩဇာရှိလွန်းသည်။
ရွှေစင်ရဲ့ မိဘတွေဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တာမို့ မင်္ဂလာပွဲကို church မှာသာကျင်းပတာဖြစ်သည်။
" ကျွန်တော် မင်းဒင်နောင်ရိုးသည် မရွှေစင့်သန့်အားအသက်ထက်ဆုံးပေါင်းသင်းပါ့မယ်
မရွှေဇင်သန့် မကျန်းမာသည်ဖြစ်စေ
ကျန်းမာသည်ဖြစ်စေ
ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ
မပေါင်းမလဲပေါင်းသင်းပါ့မည်ဟု သခင့်ရှေ့မှောက်ကျိန်တွယ်ပါသည်"မင်းဒင်ရဲ့ မျက်နှာမှာ အပြုံးတွေလွှမ်းခြုံလျက်
မလွှမ်းခြုံပဲဘယ်နေမလဲဥစ္စာပေါ ရုပ်ချော အမျိုးကောင်းသမီးလေး ရွှေစင်ကို ပိုင်ဆိုင်ရတော့မှာ
ဘယ်လောက်ကြီးတဲ့ ဆုလာဘ်လဲ
ရွှေစင့်မိဘတွေက မြန်မာနိုင်ငံရဲ့အထင်ကရနေရာ
အတော်များများမှာ 5 star Hotel ၈ လုံးလောက်ပိုင်သည့် အသိုင်းအဝိုင်းကြီးဖြစ်သည်။ရွှေရွှေချင်းထပ်ဟုဆိုကာ
မိဘသဘောတူသည့် မင်းဒင်နောင်ရိုးကို ရွှေစင်ကအလွယ်တကူခေါင်းညိတ်လက်ခံထားတာဖြစ်သည်။ရွှေစင်ကလည်းတကယ့် ရွှေစင်ရုပ်ထုလေးလိုလှလွန်းတာမို့ မင်းဒင်သည်လည်း ထိုအမျိုးသမီးလေးကို နွားပြာကြီးအောက်သွားမရှိအောင်သဘောကျပါသည်။
YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...