The Girl Next Door 5

4.5K 186 90
                                    


သချိုင်းထဲလည်းလိုက်မဝင်ရဲတာမို့
ခပ်လှမ်းလှမ်းကငေးကြည့်နေခိုက်
သူမထွက်လာတာမြင်တော့ဟန်သာထူးကြည်
ထိပ်ခနဲဖြစ်သွားသည်။

ကားကိုစက်နှိုးပြီး ထွက်ပြေးမည်အလုပ်
တိုက်တိုက်ဆိုင်ဆိုင်စက်ကနှိုးလို့မရတော့ပါ။

သူမကလည်းသူ့ရှိတဲ့နေရာဆီတန်းတန်းမတ်မတ်လျောက်လာနေပြီဖြစ်သည်။

ရုတ်တရက်စက်နှိုးလို့မရတဲ့ကားကြောင့် ဟန်သာထူးကြည် ဇောချွေးတွေပါပျံလာခဲ့သည်။

ကား dashboard ကအချက်ပြမီးကိုကြည့်ခိုက် သူ့ကားမှာဆီလုံးဝမရှိသည့် E သင်္ကေသ နားကိုကပ်နေပြီဖြစ်သည်။

"ရှင့်ကားကဘာဖြစ်တာလဲ"

ဘွားခနဲပေါ်လာတဲ့ ကဗျာမေရဲ့ အလိုမကျတဲ့မျက်ဝန်းစူးစူးတွေဟာ သူ့ကိုရှိူးတိုးရှန်းတမ်းဖြစ်သွားစေသည်။

" ကျွန်တော့ကား ဆီ...ဆီကုန်သွားလို့"

" အဲ့ဒီ့တော့"

ကဗျာဟာ အရာရာကို
သွေးအေးအေးစဉ်းစားနေပုံပင်

ဟန်သာထူးကြည်ကတော့ လိုက်ချောင်းကာမှာလူမိသွားလေခြင်းဟုဆိုကာ မျက်နှာပူနေခဲ့သည်။

" မန္တလေးထိကျွန်တော့ကို ပြန်ခေါ်သွားလို့ရလား ဒီကားကိုတော့ အဖေ့ကိုလာဆွဲခိုင်းလိုက်မယ်"

" အင်းလေ လိုက်ခဲ့ပေါ့
ဘယ်တက်နိုင်မလဲ"

ကဗျာမေက သူ့အပေါ် တစ်ခါတစ်ရံ စိတ်လိုလက်ရဆက်ဆံကာ တစ်ခါတစ်လေတော့ အေးစက်နေတက်၏။

အခုလည်းဟန်သာထူးကြည်သည်
ကဗျာမေကူညီမှ ဖြစ်တော့တာမို့ မျက်နှာငယ်နှင့် သူမကားဘေးဝင်ထိုင်လိုက်သည်။

ကဗျာမေ၏ မျက်နှာဟာ အေးစက်တင်းမာလွန်းတာကြောင့် သူပင်စကားမပြောရဲပါ
အမြန်လမ်းပေါ်ရောက်သည်ထိသူတို့နှစ်ယောက်စလုံးဘာစကားမှမပြောဖြစ်ကြ

သို့ပေမဲ့ သူ့ဘက်ကတော့သူမ မမြင်အောင်ခိုးကြည့်နေမိတာအကြိမ်ကြိမ်ပင်ဖြစ်သည်။
ကားကို မှန်ပိတ်ကာမောင်းနေပေမဲ့ သူမဆံပင်လေးတွေဟာဝဲဝဲလေးခါနေသည်။
နှာခေါင်းထဲတိုးဝင်လာတဲ့ shampoo နံ့လား lotion နံ့လားမသဲကွဲပေမဲ့ ဟန်သာထူးကြည်သည် ရင်ခုန်စွာနဲ့ခိုးရှူရှိုက်နေမိပါသည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now