The Girl Next Door 9

6.4K 242 139
                                    

" မေ ဒါကကိုကို့ သူငယ်ချင်းနေရှင်းသန့်တဲ့ "

ကဗျာဟာ အအေးပိုက်လေးကို မခိုးတရို့ စုပ်သောက်နေရာမှ မော့ကြည့်လိုက်သည်

အမှန်ဆို ဟန်သာနှင့် နေရှင်းသန့် ဆိုင်ထဲဝင်လာကတည်းက သူမမြင်ပါသည်
သို့ပေမဲ့ မမြင်ချင်ယောင်ဆောင်ကာထိုင်နေခဲ့ခြင်းဖြစ်သည်။

" တွေ့ရတာဝမ်းသာပါတယ်"

ကဗျာမိတ်ဆက်ပေမဲ့ နေရှင်းသန့်သည် ငေးငိုင်ကာကဗျာ့ကိုငမ်းနေခဲ့ပါသည်။

ဟန်သာသည် သဝန်တိုစိတ်တွေထောင်းခနဲဖြစ်ကာ ကဗျာ့လက်ကလေးတွေကို ပိုင်ပိုင်နိုင်နိုင်ကြီးကိုင်ကာခုံမှာဝင်ထိုင်လိုက်သည်။

နဂိုကမှ ပြိုင်ဆိုင်တာကြိုက်သောနေရှင်းသန့်နှင့် ဟန်သာသည် မြွေမြွေချင်းခြေမြင်သလို စကားသံတွေတိတ်ဆိတ်သွားပါသည်။

Waiter လေးရောက်လာမှသာ သူတို့စကားဝိုင်းဟာအနည်းငယ် အသက်ဝင်လာသည်။

" အင်းဘာမှာကြမလဲ"

" strawberry smoothie"

သံပြိုင်ထွက်လာသော နေရှင်းသန့်နဲ့ ကဗျာ့ရဲ့အသံကြောင့် ဟန်သာသည် မျက်နှာကြီးပိုကာမဲမှောင်သွားသည်။

" အကိုကရောဘာမှာမလဲ"

Waiter ကသူ့ဘက်လှည့်မေးတော့မှ ဟန်သာသည် menu စာအုပ်အား ဘုရှိုးရှိုးပြီးမှာလိုက်တော့သည်

" Milo Smoothie ပေး"

ကဗျာသည် ဟန်သာ့ပုံစံကိုကြည့်ပြီးအတွေးထဲမှာ ဖျတ်ခနဲအကြံရသွားခဲ့ပါသည်

နဂိုကမှ မနာလိုစိတ်ကြီးကာ ကလေးဆန်သောဟန်သာ သည် သဝန်တိုရသည့်ခံစားချက်ဆိုလျှင်ဆွေ့ဆွေ့ခုန်နေပါလိမ့်မည်။

တွေ့ကြသေးတာပေါ့ ကဟန်သာရယ်
အရင်က လူကို အမျိုးမျိုးစိတ်ဒုက္ခပေးခဲ့တာတွေအတွက်တေးမှတ်ထားတာများပြီးဖြစ်သည်

အခုလည်း နေရှင်းသန့်ဟာ
သူနဲ့ ကလျာပြတ်သွားတဲ့အကြောင်း
ဟန်သာ့ကို ပြောပြနေခဲ့သည်။

ဟန်သာကတော့ စျေးဗန်းခင်းနေသော နေရှင်းသန့်ကြောင်ဆူပုတ်ပုတ်ဖြစ်လာကာ သူမလက်ကို တင်းသထက်တင်းအောင်ဆွဲထားပါတော့သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now