ကမ္ဘာတစ်ခုလုံးမှောင်မိုက်နေခဲ့ရာမှ
မီးရောင်ခပ်စူးစူးက သူ့မျက်လုံးတွေကိုကျိန်းစပ်သွားစေသည်။
သတိပြုမိတဲ့အချိန်မှာသူလက်တွေဟာလည်းလှုပ်ရှားလို့မရပါတကယ်တမ်းသူမသိလိုက်ခင်မှာပဲသူ့လက်တွေကို ဆေးရုံကုတင်သံတိုင်နှင့် တွဲလျက်လက်ထိပ်ခတ်ခြင်းခံထားရတာဖြစ်၏သည်။
ကံဆိုးမိုးမှောင်ကျမှုဆိုသည်မှာ လူတစ်ယောက်အပေါ် လက်တစ်ဖျောက်အတွင်းမြန်ဆန်စွာကျရောက်နိုင်သည်လို့ပဲပြောရမလား
နားထဲမှာ ရှေ့နေနှင့် အဖေ့ရဲ့စကားပြောသံဟာ သူ့အတွက်ငရဲကျသွားသလိုခံစားရစေ၏
" ဒါက ရိုးရိုးယာဉ်တိုက်မှုဆိုရင်တောင် မဆင်မခြင်မောင်းမှုနဲ့ အနိမ့်ဆုံးထောင်ဒဏ် ကရှိမှာပဲ
ဒါပေမဲ့ bar ထဲကလူတွေရဲ့အပြောအရ ခင်ဗျားသားနဲ့ အခုဆုံးသွားတဲ့ကောင်လေးက bar ကမထွက်ခင် ရန်ဖြစ်ခဲ့ကြတယ်လို့ဆိုတယ်အဲ့ဒီ့တော့ အဓိကသက်သေက မိန်းကလေးပဲ
မိန်းကလေးရဲ့ ထွက်ဆိုချက်အပေါ်မူတည်ပြီး ထောင်ဒဏ်ကွာသွားမယ်"ကြားလိုက်ရတဲ့စကားကြောင့် ကိုယ့်နားကိုယ်မယုံချင်ပါ
သူ့ကြောင့် .... သူ့ကြောင့်
နေရှင်းသန့် ဆုံးသွားတာတဲ့လားဟန်သာထူးကြည်သည်မနေ့ကကျူးလွန်မိတဲ့ အမှားတွေကို စဉ်းစားရင်းနဲ့ သူ့ကိုယ်သူအမှိုက်တစလို့ထင်မိပါသည်။
" အဖေ... အခုပြောတာ တကယ်တွေလား
နေရှင်းသန့်က ကျွန်တော့်ကြောင့် ကျွန်တော့ကြောင့်"ဟန်သာသည် တဆက်ဆက်တုန်ယင်လျက်
အရူးတစ်ယောက်လိုရေရွတ်နေမိသည်သူဟာ လူသတ်သမား ဖြစ်သွားခဲ့တာလား
အဲ့ဒီ့ခဏမှာရှင်သန်လိုစိတ်ဆိုတာမရှိတော့
နေရှင်းသန့်အစားတကယ်သေသွားရမဲ့သူဟာ သူဖြစ်သင့်တာမဟုတ်လား
............
ခပ်လှမ်းလှမ်းမှာရပ်နေရင်း ရဲနှစ်ယောက်ကြားမှ ဟန်သာ့ကိုတွေ့လိုက်ရတော့ ကဗျာငိုချင်မိသွားပါသည်။

YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...