သပြေဘူတ

5.8K 234 84
                                    


၆၆ လမ်းတောက်လျောက်က သပြေဘူတပန်းဝါဝါတွေကိုငေးကြည့်ခိုက်
မလှမ်းမကမ်းကလာရပ်တဲ့ Benz ကားငွေမျှင်ရောင်လေးကြောင့် ကဗျာနွေတအံ့တဩဖြစ်သွားပါတော့သည်

" ဟင် ကိုကို"

ရုတ်တရက်ကြီး မန္တလေးထိရောက်ချလာသောကိုကို့အားကြောင်ကြည့်နေခိုက်
သူမအားထွေးပွေ့လိုက်သောရင်ခွင်ထဲသို့ခန္ဓာကိုယ်လေးနစ်ဝင်သွားတော့သည်

" ကိုကို့ဖုန်းကိုဘာလို့မကိုင်တာလဲ
စိတ်ပူလို့သေတော့မယ်သိရဲ့လား"

ဟန်သာထူးကြည်သည် တစ်ပတ်တာလောက်ဝေးကွာနေခဲ့သောသူမရဲ့ ပါးနုနုလေးတွေကို ဖိကာနမ်းလိုက်သည်

Training တွေဆက်တိုက်ရှိနေသည့်တိုင်အောင်
မရရတဲ့နည်းနဲ့ထွက်လာခဲ့ပေမဲ့
နွေလေးပုံစံက အေးတိအေးစက်မို့ နားမလည်နိုင်စွာငေးကြည့်မိတော့သည်

" ဘာဖြစ်နေတာလဲ နွေလေး"

တယုတယ နွေလေးလို့ ကြင်နာစွာခေါ်တက်သော အကြင်အမျိုးသားသည်

အဖေ့ရဲ့ မိန်းမတောင်မချန်ပတ်သက်နေခဲ့တယ်တဲ့လား

ကဗျာနွေသည် ရင်ခွင်ငွေ့နဲ့တင်းထားသမျှအရည်ပျော်စေနိုင်သော ကိုကို့ ရင်ခွင်ငွေ့ဆီမှ ရုန်းထွက်လိုက်ပါသည်

" ကိုကို
မှန်မှန်ဖြေမှာလား"

ကဗျာ့၏ထူးဆန်းစွာအစချီလိုက်သောစကားကြောင့် ဟန်သာထူးကြည်သည် မျက်ခုံးတွေတွန့်ချိုးလိုက်မိသည်

" ကလျာနဲ့ ကိုကိုက
ဘာတွေပတ်သက်ခဲ့တာလဲ"

ကဗျာသည် တစ်စုံတစ်ခုကိုအသေအချာသိထားသည့်ဟန်ဖြင့်မေးတာမို့ ဟန်သာထူးကြည်သည်အနည်းငယ်တော့တွန့်ဆုတ်သွားမိပါသည်

" နွေလေးဘာကြားထားလို့လဲ
ဘယ်သူက ကိုကိုနဲ့နွေလေးကြားဘာတွေသွေးထိုးနေတာလဲကွာ"

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Donde viven las historias. Descúbrelo ahora