The Girl Next Door 4

5.4K 242 86
                                        


"သော့က အပေါ်ယံပဲ ပျက်ဆီးနေတာ
မနေ့ကအကို့ခြံထဲဝင်တဲ့ဝင်တဲ့ လူက password ဖွင့်ပြီးဝင်လာတာ"

" ဘယ်လို" ဟန်သာထူးကြည်သည်တအံ့တဩ
မျက်ခုံးတွေပင့်တင်ရက်မိသားဖြစ်သွား၏။

မနေ့ညက ကဗျာမေ ဖျက်ဆီးခဲ့သည်ဆိုသော ခြံတံခါကို service company မှ လာရောက်စစ်ဆေးပေးခြင်းဖြစ်သည်။

အပေါ်ယံကို သာ တုတ်နဲ့ရိုက်ထားပေမဲ့ ခြံစည်းရိုး lock အိမ်သည် အနည်းငယ် ပိန်လိမ်ရုံသာပျက်ဆီနေတာဖြစ်၏။

ဒါဆို..... ကဗျာမေကဘာလို့ ဒီ password ကိုသိနေတာလဲ

အတွေးတွေကယောက်ယက်ခက်စွာ ဝေဝါးနေခဲ့သည်။

အတွေးထဲမှာ ဆိုးဆိုးဝါးဝါးနေရာယူနေသောသူမကို ရုတ်တရက်
မျက်လုံးထောင့်တွင်ဖျတ်ခနဲတွေ့လိုက်ရတာမို့
ဟန်သာထူးကြည် သူမကိုလှမ်းကြည့်လိုက်သည်။

သူမသည်အလျင်လိုနေပုံရပြီး

မျက်မှန်အနက်ရောင်ကိုတပ်ထားပေမဲ့ မျက်ဝန်းတွေကဝမ်းနည်းနေပုံပေါ်၏။

သူမဝတ်ထားတာ အနက်ရောင် body fit dress ဖြစ်ပြီး ဖြူတာထက် ဝင်းနေသော နို့နှစ်ရောင်သူမအသားအရေနဲ့အတော်လိုက်ဖက်ညီလှပါ၏။

ဟန်သာထူးကြည်မျက်ဝန်းတွေကသူမနားမှမခွါနိုင်ပဲကပ်တွယ်နေခဲ့သည်။

သူမကတော့ ပတ်ဝန်းကျင်ကိုဘာမှမကြည့်ပဲ
ကားတံခါးကိုခပ်သုတ်သုတ်ဖွင့်ကာ
ခြံထဲကမောင်းထွက်လာသည်။

" အဲ့ဒါဆိုဘယ်လောက်ကျလဲ
အကိုသွားစရာရှိလို့"

ဟန်သာထူးကြည်သည် service သမားကောင်လေးကို ခပ်မြန်မြန်ငွေရှင်းလိုက်သည်။

...............

ကားအဝါလေးဟာ 78 လမ်းပေါ်တက်သွားသည့်အတွက် မျက်ခြေမပျက်ပင် ဟန်သာထူးကြည်တစ်ယောက်ခပ်လှမ်းလှမ်းကနောက်ယာင်ခံကာလိုက်လာခဲ့သည်။

သူမကတော့ သူ့ကိုမြင်တဲ့ပုံမပေါ်ပါ

လျစ်လျစ် လျစ်လျစ် နဲ့ အမြန်လမ်း toll gate နားထိမောင်းထွက်လာသော သူမကားလေးနောက်ကို သူပင်မနည်းမှီအောင်မောင်းနေရသည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now