The Girl Next Door 7

4.6K 212 79
                                    


တဝုန်းဝုန်းနဲ့ရေသံတွေဟာ ညကြီးမင်းကြီးထိကြားနေရတာမို့ ကဗျာတကယ်ကိုအိပ်မပျော်တော့ပါ

ဟန်သာများအခုချိန်ထိရေဆင်းကူးနေတာလား...?

တစ်ဖက်ခြံမှာ မီးထိန်ထိန်လင်းနေဆဲရှိသေးသည်။

ပြတင်းတံခါးလေးမှတဆင့်လိုက်ကာလေးဟကာချောင်းကြည့်တော့
ရေကူးကန်ထဲတွင်အသည်းအသန်ကူးခပ်နေသောဟန်သာ့ကိုတွေ့လိုက်ရသည်။

ဆောင်းတွင်းညကြီးရေတွေဆင်းကူးနေတဲ့ ဟန်သာဟာ နွေ့အတွက်တကယ်ပူလောင်နေခဲ့တာလား

ဒါမှမဟုတ် မေ့ဆီက သနားကြင်နာမှုကို တစ်ဖက်လက်နဲ့ လှည့်ယူနေခဲ့တာလား

အမျိုးမျိုးတွေးရင်း
တစ်ဖက်ကစိုးရိမ်စိတ်
တစ်ဖက်ကနာကြည်းစိတ် အရာရာကိုမသဲကွဲစွာနဲ့ ကဗျာဟာ လက်သည်းလေးတွေကိုသာကိုက်နေမိပါသည်။

" စိတ်ထိန်း ကဗျာ
နင်ပျော့ညံ့လို့မဖြစ်ဘူး"

ကဗျာသည် ကိုယ့်ကိုယ်ကိုယ်အားပေးရင်း
ဖုန်းနံပါတ်တစ်ခုကို ခပ်မြန်မြန်နှိပ်လိုက်ပါသည်

အဆုံးထိ​သေချာပေါက်သွားမှာမို့ သူမဘက်က ယုတ္တိရှိအောင်ပြင်ဆင်ဖို့လည်းလိုပါသည်။
.
.
.
စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ အိပ်ပျော်သွားပြီး ဆက်ခနဲနိုးလာတော့မနက် ၅:၀၀ ခန့်ဖြစ်သည်။

တစ်ဖက်ခြံကမီးတွေလင်းနေဆဲ
ဟန်သာ့ကိုတော့ ရေကူးကန်ထဲမှာမတွေ့တော့ပါ

ကဗျာသည် ကုတင်ဘေးမှ စိတ်ငြိမ်ဆေးကိုသောက်ချကာ ပြန်အိပ်ဖို့ကြိုးစားလိုက်ရသည်။

ဟန်သာအရမ်းများစိတ်ထိခိုက်နေမလား
လူဆိုတဲ့အမျိုးကလည်းအတော်ထူးဆန်းပါ၏
ကိုယ့်ကိုနာကျင်အောင်အကြိမ်ကြိမ်လုပ်တဲ့သူကိုမှ ဘိန်းလို ဖြတ်လို့မရနိုင်ခြင်းဖြစ်သည်

ပြန်အိပ်ပြီး သူမနိုးလာတော့ မနက် ကိုးနာရီ
စိတ်ပြေလက်ပျောက်ခြံရှေ့ထွက်လာတော့  ခြံဝမှာထိုင်နေတဲ့ လူတစ်ယောက်ကြောင့် ကဗျာထိပ်ခနဲဖြစ်သွားသည်။

" ဟင်...ဟန်... ဟန်သာ"

ဘယ်အချိန်ထဲက ဒီမှာလာထိုင်စောင့်နေတာလဲမသိပေမဲ့ သူမကို မော့ကြည့်တဲ့ အချိန်မှာ ဟန်သာ့မျက်ဝန်းတွေဟာ ရဲရဲနီနေခဲ့သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now