The Girl Next Door 6

5.6K 228 104
                                        


ဆောင်းတွင်းမနက်ခင်းမို့နေရောင်ခြည်ဖျော့ဖျော့သာအခန်းထဲဝင်ရောက်လာပေမဲ့
အချိန်က ၁၀ နာရီထိုးနေပြီဖြစ်သည်။

ညကတညလုံးသောင်းကြမ်းထားတာမို့
အိပ်ရာခင်းတွေဟာ တွန့်ကြေနေပြီး
အဝတ်တွေကလည်းကြမ်းပြင်မှာအပုံလိုက်ပင်ဖြစ်သည်။
အိပ်ရာဘေးမှာတော့ ဟန်သာ့ကိုရှာမတွေ့တော့ပါ။

ရေချိုးခန်းထဲကဖျောက်တောက် ဖျောက်တောက်ရေကျသံတွေအဆုံး
တံခါးဖွင့်သံကိုကြားသည်။

ကြည့်ရတာဟန်သာသည်သူမထက်စောနိုးကာရေချိုးနေပုံပင်

ရေပူနဲ့ချိုးထားတာမို့ တံခါးဖွင့်ဖွင့်ခြင်း လူကိုမမြင်ရပဲအခိုးအငွေ့တွေကိုအရင်မြင်ရသည်။

" မေ နိုးပြီလား"

အခိုးအငွေ့တွေကြားမှ Deep voice တစ်ခုထွက်လာတာမို့ ကဗျာရင်ခုန်သံလေးတွေတောင်အနည်းငယ်မြန်သွားပါသည်။
နှစ်တွေကြာတာတောင် ဟန်သာထူးကြည်အပေါ်ရင်ခုန်နေမိသော သူမ စိတ်၏ နွား level ရေချိန်သည် အတော်ကိုမြင့်နေပြီမို့ အရည်ပျော်ချင်စိတ်ကိုအတော်မျိုသိပ်လိုက်ရပါသည်။

ဟန်သာဟာ ပဝါအဖြူကိုသာပတ်ထားပြီး ရေသီးရေပေါက်တွေဟာ မျက်နှာနဲ့ ရင်အုပ်ကျယ်တွေမှာပုလဲလိုခိုတွဲနေဆဲပင်

"မေရေချိုးချင်ချိုးလေ
ကျွန်တော် မေ့အတွက် သဘက်အသစ်ထုတ်ပေးထားတယ်
ပြီးရင် မနက်စာလည်း ပြင်ထားပေးမယ်"

အလာကြီးပါလားဟ....

ကဗျာတော်တော်အံ့ဩသွားရပါသည်

နွေအဖြစ် ဟန်သာ့ဘေးမှာ ရှိစဉ်က မနက်စာပြင်ပေးရတာ သူမသာဖြစ်ပြီး ဟန်သာသည် သူမနှိုးမှထတက်သည့်သူဖြစ်၏။

အခုတော့ မနက်စာတောင်ကိုယ်တိုင်ပြင်ကျွေးနေတယ်ပေါ့လေ

မထူးဆန်းပါဘူး လေ
တွေ့တာတစ်ပတ်မပြည့်သေးပေမဲ့ဟန်သာထူးကြည်ဟာ သူမနဲ့ အတူနေပြီးသည့် အဆင့်ကိုတန်းကျော်ခဲ့တာမဟုတ်လား....

ရှင်ဟာ တကယ့်ကိုအဖေတူသားပဲ

ကဗျာသည် ထောင်းခနဲဖြစ်သွားသော ဒေါသကိုမျိုသိပ်ရင်း အချိုသာဆုံးပြုံပြလိုက်ပါသည်။
.
.
.
.

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now