" ခင်ဗျားရေကူးကန်က
အမှိုက်ကန်လား လူရေကူးတဲ့ကန်လား"သန့်ရှင်းရေးလုပ်တဲ့ company ကလူတွေက
ရွှတ်ရွှတ်နောက်နောက်စနေကြသည်ထိပင်
ရေကူးကန်ဟာညစ်ပတ်နေတာဖြစ်သည်။ပြောလည်းပြောချင်စရာပင်
ကန်ပတ်ပတ်လည်သည် ရေညှိစိမ်းတွေပါတက်နေတာမို့ ကြွေဂျေးချွတ်ဆေးတွေပါသုံးရသည်။ဝါညစ်နေသော ရေသည်လည်း ကျိချွဲနေပြီး ရေစုပ်စက်နဲ့ စုပ်ထုတ်တာတောင် ရေပုပ်နံ့ကြီးရနေသည်။
ကြိုးစားပန်းစား ရေကူးကန်သန့်ရှင်းရေးလုပ်နေသူတွေကြားသူကိုယ်တိုင်လည်းငြိမ်ငြိမ်မနေရပါ။
ဘောင်းဘီတိုတစ်ထည်နဲ့ အပေါ်တက်အောက်ဆင်းနဲ့တိုလီမုစတွေပြေးရှာလိုက် ပစ္စည်းတွေကောက်သိမ်းလိုက်နှင့်ချွေးတွေတပြိုက်ပြိုက်ကျပါသည်။
အရင်ကလို Hotel တွေမှာ long stay နေတာကမှတော်ပါဦးမည်။
စျေးချိုချိုနဲ့ရထားသည့်ဒီအိမ်ကြီးကို အဖေအမွေပေးမှပဲ တံမြတ်စည်းပင်မကိုင်ဖူးသည့် ဟန်သာထူးကြည်လည်း အပိုးကျိုးကျိုးသန့်ရှင်းရေးဝင်လုပ်ရတော့သည်။
မနက်ကနေညအထိသန့်ရှင်းရေးလုပ်ပြီး
ရေပြန်ဖြည့်လိုက်မှသာ ရေကန်ပြာပြာဟာ ကူးချင်စဖွယ်ဖြစ်သွားသည်။အရင်ဘဝက ဖျံဖြစ်ခဲ့လားတော့မသိပါ
တစ်နေ့လုံးအိုက်စက်နေတာမို့ ရေကူးကန်ထဲ ကျွမ်းပစ်ကာဝင်ချင်နေမိသည်။ကန်ပတ်လည်ရှိ ကျွမ်းနေသော မီးလုံးတွေကိုပါလဲလိုက်တာမို့ အိမ်ကလည်းအခုမှ လင်းထင်းသွားတော့သည်။
အိမ်တစ်ခုလုံးအလင်းရောင်တွေ
ထင်းလင်းသွားတာကတစ်ပိုင်းအထီးကျန်တာက အထီးကျန်တာတစ်ပိုင်းပင်ဖြစ်၏။
သရဲဆိုတာကလည်း လင်းလင်းမှောင်မှောင်လာတက်သည့်အမျိုးမဟုတ်လား
စဉ်းစားကြည့်လျှင် မှောင်တာကမှတော်ဦးမည်။
လင်းနေကာမှ ဖြူဖြူပြဲပြဲ မျက်နှာကြီးနဲ့ ထင်ထင်ရှားရှားလာခြောက်နေမှဖြင့်ဟုတွေးရင်းကြက်သီးတွေထနေမိပါသည်။
YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...