" ဟေ့ "
"ဟေ့လို့ ခေါ်နေတယ်လေ ကဗျာနွေ"
သူ့ရှေ့ကဖြတ်သွားသည့်တိုင်အောင်
ကဗျာသည်သူ့အားလှည့်ကြည့်ဖော်တောင်မရတော့တာမို့
ဟန်သာထူးကြည်တစ်ယောက် အနည်းငယ်တော့ ရင်ခုန်မိသွားသည်။ရေကူးကန်ဘောင်ပေါ်ကိုမေးတင်ရင်းမှီနေရာစဉ်
ထိုငတိမကတောက်တောက်တောက်တောက်နဲ့ မြင်ကွင်းထဲဝင်လာတာမို့
ဟန်သာသည်ချက်ချင်းပင်ကန်ဘောင်ပေါ်ပြေးတက်လာခဲ့တာဖြစ်သည်။" ဒီကလေးမ"
ခေါ်နေတာမကြားတာမို့ ခါတိုင်းလိုပင်
သူပိုင်သည်ထင်မိသောထိုအာလူးလေးကို
လက်သွားဆွဲဖို့ကြိုးစားလိုက်သည်။သို့ပေမဲ့
သူ့ဘက်ကို လှည့်ကြည့်သည့်
မျက်နှာညိုးညိုးလေးကြောင့်
ဟန်သာထူးကြည်ရင်ခုန်သံတွေရပ်တန့်သွားသလိုပင်..."ဒါက ပိုက်ဆံ ဆံပင်လုပ်ခဲ့တာအတွက်"
သူ့အားကမ်းပေးသော စာအိတ်ငယ်လေးကို ဟန်သာထူးကြည်တွေတွေကြီးငေးစိုက်နေမိသည်။
ဘာမှနားမလည်ပေမဲ့ ကဗျာနွေရဲ့အကြည့်တွေဟာအရင်လိုမနွေးထွေးတော့တာကိုသူသတိပြုမိပါသည်။
" ၂ သိန်းခွဲရှိတယ် ပြီးတော့ ဒါက ရေကူးဝတ်စုံဖိုး
ဘယ်လောက်မှန်းမသိပေမဲ့ Website ထဲမှာ USD 60 ရေးထားလို့ ၁၃၀၀ နဲ့မြှောက်ပြီး ၈၀၀၀၀ ထည့်ထားတယ် ဒါဆို ကျွန်မရှင့်အပေါ်ဘာအကြွေးမှမတင်တော့ဘူးနော်"ဖြူဖျော့ဖျော့ မျက်နှာလေးက ထွက်လာသည့် စကားလုံးတွေဟာ အေးစက်စပြုလာတာမို့ ဟန်သာထူးကြည်တစ်ယောက် ခြောက်ခြားစပြုလာခဲ့တော့သည်။
ဘာစကားမှမပြောနိုင်ပဲခွေးအကြီးလှည်းနင်းခံရသလို အာလူးလေးအားငေးကြည့်နေမိသည်။
အာလူးလေးက သူ့ကို ပစ်သွားတော့မှာလား...
ဆို့နင့်လာတဲ့ခံစားချက်တွေနဲ့
ဘယ်ကစတောင်းပန်ရမှန်းမသိတဲ့စကားလုံးတွေ

YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...